close

ရေကြီးမှု

close

April 1, 2023

ပီရူးတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် နေအိမ်များ ပြိုကျ

ပီရူးနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ နောက်ဆက်တွဲ ရေကြီးမှုတွေ ကြောင့် ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး လမ်းတွေ ရေအောက်မြုပ်ကာ အိမ်တွေလည်း ပြိုကျသွား ပါတယ်။ 

တွံမ်ဘက်စ်၊ ပီအူရာ နဲ့ လမ်ဘာရဲ့ကယ်တို့ဟာ ထိခိုက်မှု အရှိဆုံးဒေသတွေ ဖြစ်ပါတယ်။

ရေကြီးနေတဲ့ လမ်းမအလယ်မှာ ရပ်နေတဲ့ ပီအူရာ ဒေသခံ ဘရိဂိသ် ရာမီရဲ ဟာ သူတို့အိမ် ရေထဲ ကို ဆုံးရှုံးသွားခဲ့ရပြီးနောက်မှာ သူနဲ့သူ့ကလေး ၂ ယောက် ၇ ရက်လောက် အိမ်ရာမဲ့ ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။ 

ပီရူးနိုင်ငံဝန်ကြီးများကောင်စီဥက္ကဋ္ဌ အလ်ဘဲ့တို အိုတာရိုလာက မတ်  ၃၁ ရက်မှာ ကွန်ဂရက် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးတော့ မိုးရွာသွန်းမှုနဲ့ အယ်လ်နီညို ကော်စ်တိုရို လို့ခေါ်တဲ့ ကမ်းရိုးတန်း ဖြစ်စဉ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို တိုက်ဖျက်ဖို့ အစီအစဥ်တွေ ရေးဆွဲနေပါတယ်။ 

အယ်လ်နီညို ကော်စ်တိုရို လို့ခေါ်တဲ့ ကမ်းရိုးတန်း ရာသီဥတုဖြစ်စဉ်ဟာ တောင်အမေရိက ကမ်းရိုးတန်းမှာ သည်းထန်စွာရွာသွန်းတဲ့ မိုးရေတွေ လှည့်ပတ်နေတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေမျက်နှာပြင်တွေ ပူနွေးလာခြင်းဖြစ်ပါတယ်။ 

လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း မြောက်ဘက်ကမ်းရိုးတန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။

1 month Ago

January 10, 2023

သြစတြေးလျနိုင်ငံအနောက်မြောက်ပိုင်းတွင် ရေကြီးမှု ကပ်ဘေးကြုံနေရ

သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းမှာ နှစ်ပေါင်း ၁၀၀ အတွင်း တကြိမ်လို့ ပြောရလောက်အောင် လက်ရှိ ရေကြီးနေတဲ့ ကပ်ဘေးကြောင့် လူရာပေါင်းများစွာကို နေရပ်ကနေ ကယ်ဆယ်ခဲ့ရတယ်လို့ ဇန်နဝါရီ ၈ ရက်မှာ အာဏာပိုင်တွေက ပြောပါတယ်။ 

အနောက်သြစတြေးလျပြည်နယ်က ကင်မ်ဘာလေဒေသမှာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းဟောင်း အယ်လ်လီရဲ့ ပြင်းထန်တဲ့ ရာသီဥတု စနစ်ကြောင့် ပြီးခဲ့တဲ့အပတ်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ရာကနေ အခုလိုရေကြီးမှု ကပ်ဘေးနဲ့ ရင်ဆိုင်နေရတာပါ။ 

“တချို့နေရာတွေမှာဆိုရင် ရေတွေက မျက်စိတဆုံးပဲ၊ ဒီသက်ရောက်မှုတွေက ပုံစံမျိုးစုံနဲ့ အများကြီးဖြစ်နိုင်ပေမယ့် အခုလက်ရှိမြေပြင်မှာရှိနေတဲ့ ရေအတိုင်းအတာကို ကြည့်တာနဲ့တင် ဒါဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာ သိနိုင်ပါတယ်” လို့ အရေးပေါ်ကယ်ဆယ်ရေးကော်မရှင်နာ မင်းကြီး ဒဲရန်း ကလမ်းမ်က ပြောခဲ့ပါတယ်။ 

လူဦးရေ ၁၃၀၀ ဝန်းကျင်ရှိတဲ့ ဖစ်ဇ်ရွိုင်း ခရော့စ်ဆင်းမြို့လေးဟာ အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့ နေရာတွေထဲက တခုပါ။

အဲဒီမြို့မှာ လမ်းတွေပေါ် ရေကြီးနေတာကြောင့် အကူအညီအထောက် အပံ့တွေကို လေကြောင်း က တဆင့် ပို့ဆောင်ပေးခဲ့ရပါတယ်။ 

4 months Ago
Up