close

ရွိုင်ကိန်း

close

April 6, 2023

အာဆင်နယ်ကို ကျော်ဖြတ်ပြီး မန်စီးတီးချန်ပီယံဖြစ်မည်ဟု မန်ယူဂန္ထဝင် ရွိုင်ကိန်း သုံးသပ်

ရာသီအကုန်မှာ အာဆင်နယ်အသင်းကို ကျော်ဖြတ်ပြီး မန်စီးတီးအသင်းက ချန်ပီယံဖြစ်သွားလိမ့် မယ်လို့ မန်ယူဂန္ထဝင်ကစားသမား ရွိုင်ကိန်းက သုံးသပ်ပါတယ်။ 

လက်ကျန် ၉ ပွဲအလိုမှာ အာဆင်နယ်က တစ်ပွဲပိုကစားပြီး မန်စီးတီးထက် ၈ မှတ် အသာရနေပေမဲ့ ရာသီကုန်ဆုံးချိန်မှာ မန်စီးတီးကပဲ ချန်ပီယံ ဖြစ်သွားလိမ့်မယ်လို့  ဂယ်ရီနဗီးလ်ရဲ့ The Overlap ဆိုတဲ့ သုံးသပ်ချက်အစီအစဉ်မှာ သုံးသပ်ခဲ့တာပါ။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းရဲ့ အဆင့်ရပ်တည်မှုက ရာသီအစတုန်းက ခန့်မှန်ထားသလို မဟုတ်ကြောင်း၊ လူငယ်ကစားသမားတွေမှာ ခြေစွမ်းတည်ငြိမ်စွာနဲ့ စွမ်းဆောင်ပြနေပြီး လိဂ်ပြိုင်ပွဲ တစ်ခုတည်းကိုလည်း အာရုံစိုက်နိုင်ခဲ့ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။

ချန်ပီယံဖြစ်ဖို့ ရေးပန်းအစားဆုံးအသင်းလည်း ဖြစ်နေပေမဲ့ လက်ကျန်ပွဲစဉ်တွေမှာ အာဆင်နယ် ကစားသမားတွေ ဖိအားများပြီး အမှတ်လျော့နိုင်ကြောင်း၊ အာဆင်နယ်အသင်းသားတွေဟာ ဖိအားတွေနဲ့ ရင်ဆိုင်ရတာမျိုး မတွေ့ကြုံခဲ့ဖူးတာကြောင့် မန်စီးတီးကပဲ ချန်ပီယံဖြစ်သွားလိမ့်မယ်လို့ ထင်ကြောင်း ရွိုင်ကိန်းက ပြောသွားခဲ့ပါတယ်။

2 weeks Ago

October 3, 2022

မန်စီးတီးနှင့်ပွဲတွင် ရော်နယ်ဒိုကို အသုံးမပြုခဲ့သည့်အပေါ် တန်ဟတ်ဂ်ကို ရွိုင်ကိန်းဝေဖန်

မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲမှာ  တိုက်စစ်မှူးရော်နယ်ဒိုကို အသုံးမပြုခဲ့တဲ့အပေါ် နည်းပြတန် ဟတ်ဂ်ကို မန်ယူကစားသမားဟောင်းရွိုင်ကိန်းက ပြောဝေဖန်သွားပါတယ်။

မန်ယူအသင်းဟာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ချိန်မှာ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုကို အသုံးမပြုဘဲ တိုက်စစ်မှူးမာစီယယ်နဲ့ တခြားကစားသမားတွေကိုပဲ လူစားလဲစေခဲ့တာပါ။

“နည်းပြတစ်ယောက်အတွက် ရွေးချယ်မှုတွေလုပ်ရတာမှန်ပေမယ့် သမိုင်းတစ်လျှောက် အခမ်းနားဆုံးသော ကစားသမားကိုတော့ အရန်ခုံမှာပဲထားခဲ့တယ်။ ဒီလိုတွေ ထပ်လုပ်နေရင် ရော်နယ်ဒိုဘက်ကပိုပြီး ဒေါသထွက်လာနိုင်တယ်။ ပြီးတော့ ရော်နယ်ဒိုကို အရန်ခုံမှာ ထိုင်းခိုင်းတာက ကစားသမားတစ်ယောက်ရဲ့ ဂုဏ်ကို လှောင်ပြောင်လိုက်သလိုပဲ”လို့ရွိုင်ကိန်းက ပါတယ်။

အရန်ခုံမှာ ထိုင်းခိုင်းမယ့်အတူတူ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ရော်နယ်ဒိုကို ရောင်းချ လိုက်သင့်ကြောင်းလည်းရွိုင်ကိန်က တိုက်တွန်းသွားပါတယ်။

7 months Ago
Up