close

လိဒ်ယူနိုက်တက်

close

February 22, 2023

စပိန်နည်းပြ ဇာဗီဂါစီယာကို လိဒ်ယူနိုက်တက်အသင်း ခေါ်ယူခန့်အပ်

လိဒ်ယူနိုက်တက်အသင်းဟာ စပိန်လူမျိုးနည်းပြ ဇာဗီဂါစီယာကို နည်းပြချုပ်အဖြစ် တာဝန်ပေးလိုက်ပါတယ်။

နည်းပြဟောင်း ဂျက်စီမက် ထွက်ခွာပြီး နှစ်ပတ်အတွင်းမှာပဲ တရားဝင်စာချုပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၂ နှစ်ရှိ စပိန်နည်းပြဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီက ဝတ်ဖို့ဒ်အသင်းကို တာဝန်ယူခဲ့ပြီး အဆင့် ၁၁ နေရာမှာ ရပ်တည်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လိဒ်ယူနိုက်တက်အသင်းဘက်ကတော့ ဇာဗီဂါစီယာကို ခန့်အပ်နိုင်ခဲ့လို့ ကျေနပ်မိပြီး အလုပ်လုပ်ခွင့်ပါမစ် အပါအဝင် တခြားလုပ်ဆောင်ရမယ့် ကိစ္စတွေကို အရင်ဆုံး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ဇာဗီဂါစီယာဟာ  စပိန်ကလပ်တွေဖြစ်တဲ့ ကာဒစ်၊ အိုဆာဆူနာ၊ ဗလင်စီယာအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို ရုရှားကလပ် ရူဘင်ကာဇန်နဲ့ အင်္ဂလန်ကလပ် ဝတ်ဖို့ဒ်အသင်းတွေကို တာဝန်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။

2 months Ago

February 8, 2023

လိဒ်ယူနိုက်တက်နှင့် မန်ယူတို့ပွဲစဉ်တွင် တွန်မီနေး၊ မာစီယယ်၊ အန်တိုနီနှင့် ကတ်စမီရိုတို့ လွဲချော်မည်

လိဒ်ယူနိုက်တက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက မာစီယယ်၊ အန်တိုနီနဲ့ ကတ်စမီရိုတို့ လွဲချော်မယ်လို့သိရပါတယ်။

မန်ယူအသင်းမှာ ကွင်းလယ်လူ တွန်မီနေးနဲ့ အဲရစ်ဆင်နဲ့ ဗန်ဒီဘိခ်တို့ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

အနီကတ်ပြစ်ဒဏ်ကြောင့် သုံးပွဲပယ်ခံရမယ့် ကတ်စမီရိုနဲ့ ပတ်သက်လို့ အယူခံမဝင်ဘူးလို့လည်း နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားပါတယ်။

ဒဏ်ရာနဲ့ ပွဲပယ်ကစားသမားတွေရှိပေမယ့် ယူနိုက်တက်အသင်းလူစာရင်းမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေရှိပြီး ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်မယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

လိဒ်ယူနိုက်တက်အသင်းဘက်မှာတော့ နည်းပြဂျက်စီမာ့ချ်ကို ရာထူးကနေ ထုတ်ပယ်ထားပြီး အဲဒီလိုထုတ်ပယ်တိုင်းရလဒ်ကောင်းမွန်တယ်ဆိုတာကို မယုံကြည်ကြောင်းနဲ့ နည်းပြ မာ့ချ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

3 months Ago
Up