close

လူမည်းအမျိုးသား

close

April 4, 2023

လကမ္ဘာကို လှည့်ပတ်ပျံသန်းမည့် ခရီးစဉ်တွင် ပထမဆုံး အမျိုးသမီးနှင့် လူမည်း အာကာသယာဉ်မှူးတို့ ပါဝင်

နာဆာဟာ အနှစ် ၅၀ ကျော်အတွင်း သူရဲ့ ပထမဆုံး လူသားမစ်ရှင်အတွက် လကမ္ဘာကို သွားရောက်ဖို့ ဧပြီ ၃ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပြီး ပထမဆုံး အမျိုးသမီးတဦးနဲ့ လူမည်းအမျိုးသားတဦးတို့ ပါဝင်ခဲ့ပါတယ်။

နာဆာက အာကာသယာဉ်မှူးတယောက်ဖြစ်တဲ့ ခရစ်စတီးနားကို့ခ်ျဟာ အာကာသပျံသန်းမှု ခရီးစဉ်တခုမှာ အရှည်ကြာဆုံး ပျံသန်းမှုမှတ်တမ်းကို ရရှိထားသူဖြစ်ပြီး လာမယ့်နှစ် လကမ္ဘာကို အာတီမစ် တူး ပျံသန်းမှုမှာ မစ်ရှင်ပါရဂူအနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။

နာဆာရဲ့ ရေတပ်လေယာဉ်မှူး ဗစ်တာဂလိုဗာ ကတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ လကို လှည့်ပတ်ပျံသန်းမယ့် အိုရီယွန် အာကာသယာဉ်ကို မောင်းနှင်မှာဖြစ်ပြီး လကမ္ဘာမစ်ရှင်မှာ ပထမဆုံးပါဝင်မယ့် လူမည်းအမျိုးသားတဦး ဖြစ်ပါတယ်။

ကျန်အဖွဲ့သားတွေကတော့ အသက် ၄၇ နှစ်အရွယ် နာဆာ အာကာသယာဉ်မှူး ရိဒ် ဝစ်မန်းနဲ့ Canadian Space Agency က အသက် ၄၇ နှစ်အရွယ် တိုက်လေယာဉ်မှူးဟောင်း ဂျီရမီ ဟန်ဆန် တို့ဖြစ်ပြီး အမေရိကန်သုံးယောက်နဲ့ ကနေဒါနိုင်ငံသား တယောက်တို့ အနေနဲ့ ပထမဆုံး ဖြစ်လာပါတယ်။

အာတီမစ် တူး ပျံသန်းမှုဟာ ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ် လူသားတွေ လပေါ်ကို ပြန်လည်ရောက်ရှိခြင်းရဲ့ ရှေ့ပြေးခရီးဖြစ်ပြီး အင်္ဂါဂြိုဟ်ကိုသွားရောက်ဖို့ အပြီးသတ် ခရီးစဉ်လည်း ဖြစ်ပါတယ်။

အပြာရောင် လေယာဉ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အာကာသယာဉ်မှူးလေးဦးကို ဟော်စတွန်ရှိ Johnson Space Centre မှာ နာဆာအာကာသယာဉ်မှူး ဘီလ် နယ်ဆန်က မိတ်ဆက်ပေးခဲ့ပြီး “ကမ္ဘာ့အကြီးဆုံး အားအပြင်းဆုံး ဒုံးပျံဟာ သူတို့ကို ကောင်းကင်ဘုံ အထက်ကို ပို့ပေးလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံရဲ့ ဆန်းသစ်တီထွင်မှု သိပ္ပံနဲ့ စွမ်းအင်ဝန်ကြီး ဖရန်စစ်စကိုဖိလစ်ချမ်ပဂ်နီက အဆိုပါပွဲကို တက်ရောက်ခဲ့ပြီး အကာသယာဉ်အမှုထမ်းထဲမှာ ကနေဒါနိုင်ငံသား တစ်ယောက်ရှိနေတာထက် ပိုပြီး ဂုဏ်ယူစရာ မရှိပါဘူးလို့ ဆိုပါတယ်။

အာတီမစ် ပရိုဂရမ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ နာဆာဟာ အပိုလို မစ်ရှင်အပြီး ဆယ်စုနှစ်ငါးခုကြာ ၂၀၂၅ခုနှစ်မှာ လပေါ်ကို အာကာသယာဉ်မှူးတွေစေလွှတ်ဖို့စီစဉ်ထားပါတယ်။

12 hours Ago

February 18, 2023

လူမည်းအမျိုးသားကို ရိုက်နှက်မှုကြောင့် အလုပ်ပြုတ်သည့် ရဲ ၅ ဦး အပြစ်မရှိဟုလျှောက်လဲ

တန်နက်ဆီပြည်နယ် မမ်းဖှစ္စ်မြို့မှာ အလုပ်ပြုတ်သွားတဲ့ ရဲအရာရှိ ၅ ယောက်ဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ သူတို့ကို စွဲဆိုထားတဲ့ ဒုတိယအဆင့် လူသတ်မှုနဲ့ လူမည်းအမျိုးသား တိုင်ရာနစ်ကိုးလ်စ်ကို ရိုက်နှက်မှုကနေ ထွက်လာတဲ့ တခြားစွဲချက်တွေအတွက် အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ဗွီဒီယိုထဲမှာ ဇန်နဝါရီ ၇ ရက်က ယာဉ်ကြောပိတ်ဆို့မှုအပြီးမှာ ရဲအရာရှိတွေ က တိုင်ရာနစ်ကိုးလ်စ်ကို ကားထဲကဆွဲထုတ်ပြီး ရိုက်နှက်ကန်ကျောက်ခြင်း၊ နံပါတ်တုတ်နဲ့ ရိုက်တာ၊ ငရုတ်ကောင်းမှုန့်နဲ့ဖြန်းခြင်းအပြင် သေနတ်နဲ့ပစ်ခတ်ခြင်းတို့ကို ကျူးလွန်နေတဲ့ ပုံတွေကို ရိုက်ကူးမိထားပါတယ်။ 

ဒီအမှုကြောင့် လူမျိုးရေး ဆက်ဆံရေးနဲ့ ရဲတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအကြောင်း အမျိုးသားရေးစကားဝိုင်း အသစ်ပြန်ဖြစ်ရပါတယ်။

အချုပ်နှောင်မခံရဘဲ အာမခံရထားတဲ့ သူတို့ ၅ ယောက်စလုံးဟာ ရှဲလ်ဘီကောင်တီ မှုခင်းတရားရုံးမှာ သူတို့ကို ပုံမှန်စွဲရိုးစွဲစဉ် ဒုတိယအဆင့် လူသတ်မှု၊ ပြင်းထန်စွာ ချေမှုန်းမှု၊ ပြင်းထန်စွာ ပြန်ပေးဆွဲမှု၊ တရားဝင် အကျင့်ပျက်ခြစားမှုနဲ့ တရားဝင် ဖိနှိပ်မှုတွေအပေါ် အသနားခံ လျှောက်လဲခဲ့ကြပါတယ်။ 

သူတို့ကို ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခဲ့ပြီး သူတို့ပါဝင်ဖွဲ့ထားတဲ့ အထူးအဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ 

တရားခွင်အပြီးမှာ နိကိုးလ်စ်ရဲ့ မိသားစုတွေနဲ့ရှေ့နေတွေက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အမှုကို ကျူးလွန်ခဲ့တဲ့ ရဲအရာရှိဟောင်းတွေက အပြစ်မရှိကြောင်း ၀န်ခံ လျှောက်လဲခဲ့တာကို မအံ့သြကြောင်း ပြောကြားခဲ့ပါတယ်။ 

အပြီးသတ် စီရင်ချက်ချခြင်းဟာ ရှည်လျားတဲ့ လုပ်ငန်းစဉ်ဖြစ်နိုင်ပေမယ့် အဲဒီစီရင်ချက်ဟာ “တရားမျှတမှု လုပ်ငန်းစဉ်ရဲ့ အစ” ဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။   

2 months Ago
Up