close

ဟန်ဒါဆန်

close

December 11, 2022

ပင်နယ်တီလွဲခဲ့သည့် ဟယ်ရီကိန်း ပိုပြီးကောင်းမွန်လာလိမ့်မည်ဟု ဟန်ဒါဆန်ပြော

ပြင်သစ်နဲ့ပွဲစဉ်မှာ ဒုတိယမြောက်ရရှိတဲ့ပင်နယ်တီလွဲချော်ခဲ့တဲ့ တိုက်စစ်မှူးဟယ်ရီကိန်းဟာ ပိုပြီးကောင်းမွန်လာမှာဖြစ်ကြောင်း ဟန်ဒါဆန်ကပြောပါတယ်။

ဟယ်ရီကိန်းဟာ အရင်ဦးဆုံးရရှိတဲ့ ပင်နယ်တီကိုဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး ၁ ဂိုးစီ သရေရလဒ်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒုတိယမြောက်ရရှိတဲ့ပင်နယ်တီကတော့ ဂိုးဘားပေါ်ကနေ ကျော်လွန်သွားခဲ့ပါတယ်။

ပွဲအပြီးမှာအသင်းဖော်ဟန်ဒါဆန်က ဟယ်ရီကိန်းဘက်ကနေ ကာကွယ်ပြောသွားခဲ့တာဖြစ်ပါတယ်။

“ဟယ်ရီဟာ ကျနော်တို့အတွက် ပင်နယ်တီတွေအများကြီးသွင်းယူခဲ့ဖူးသူပါ။ ဒီပွဲမှာပင်နယ်တီလွဲ ချော်ခဲ့တဲ့အတွက် အနာဂတ်မှာ ပိုပြီးကောင်းမွန်လာလိမ့်မယ်။ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးဖြစ် သလို ကျနော်တို့အသင်းခေါင်းဆောင်လည်းဖြစ်တယ်။ အကောင်းဆုံးခြေစွမ်းနဲ့ သူပြန်လာပါ လိမ့်မယ်” လို့ ဟန်ဒါဆန်ကပြောပါတယ်။

ဟယ်ရီကိန်းဟာ ပင်နယ်တီလွဲခဲ့လို့ အင်္ဂလန်အတွက် ဂိုးအများဆုံးစံချိန် မရလိုက်ပေမဲ့ ဝိန်းရွန်းနီနဲ့အတူ သွင်းဂိုး ၅၃ ဂိုးနဲ့ ပူးတွဲဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

1 month Ago

September 30, 2020

ဒီဂီယာ နေရာတွင် ဟန်ဒါဆန်ကို ပွဲထွက်ခွင့်ပေးမည်ဟု မန်ယူကစားသမားများ ယုံကြည်

မန်ချက်စတာယူနိုက်တက် ကစားသမားတွေဟာ ဂိုးသမားဒီဂီယာရဲ့ နေရာမှာ ဒီးဟန်ဒါဆန်ကို ပွဲထွက်ခွင့်ပေးလိမ့်မယ်လို့ ယုံကြည်နေကြတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။  နံပါတ်တစ် ဂိုးသမား ဒီဂီယာဟာ ပရီးမီးယားလိဂ် ၂ ပွဲမှာ ၅ ဂိုးပေးထားရပြီး သူ့ရဲ့လက်စွမ်းအပေါ်မှာ ဝေဖန်မှုတွေရှိခဲ့တာပါ။ မနှစ်က ရှက်ဖီးအသင်းမှာ လက်စွမ်းပြခဲ့တဲ့ လူငယ်ဂိုးသမား ဟန်ဒါဆန်ဟာ လူတန်နဲ့ ပွဲမှာ ပွဲထွက်ကစားခဲ့ပြီး ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူကစားသမားတွေအနေနဲ့ ဟန်ဒါဆန်ကိုပဲ ပထမဦးစားပေးဂိုသမားအဖြစ် ပွဲထွက်ခွင့်ပေးလိမ့်မယ်လို့ ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။ အင်္ဂလန် ဂိုးသမား ဟန်ဒါဆန်အနေနဲ့လည်း အရန်ခုံမှာထိုင်နေရပြီး ဘောလုံးမကစားရဘူး ဆိုရင် အဆင်မပြေကြောင်းနဲ့ ကစားသမားတိုင်းက အဲဒီလို ခံစားချက်ရှိလိမ့်မယ်လို့ ပြောခဲ့ဖူးပါတယ်။
2 years Ago
Up