close

ဟောင်ကောင်

close

March 30, 2023

ဟောင်ကောင် ဓာတ်အားဖြန့်ဖြူးရေးသင်္ဘော သီလဝါမှ ပြန်ထွက်ခွာ

NLD အစိုးရလက်ထက်က ရန်ကုန်မြို့နဲ့ နိုင်ငံတော်ဓာတ်အားပေးစနစ်ထဲ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးဖို့ ရောက်ရှိခဲ့တဲ့ ဟောင်ကောင်အခြေစိုက် V-Power Energy Group ရဲ့ LNG ဓာတ်ငွေ့သုံး ဓာတ်အားဖြန့်ဖြူးရေးသင်္ဘောဟာ ရန်ကုန်မြို့ကနေ ဒီနေ့ ပြန်လည်ထွက်ခွာသွားပြီလို့ သိရပါတယ်။

အဲဒီသင်္ဘောဟာ နိုင်ငံတော်အဆင့်လျှပ်စစ်ဓာတ်အားဝယ်ယူရေးလုပ်ငန်းတင်ဒါအောင်မြင်ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

"လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး ဖြန့်ဖြူးရေးတွေ အားလုံးပြင်ဆင်ပြီးကာမှ အာဏာသိမ်းခံရတယ်။ လုပ်ငန်းတွေဆက်မရဘူး။ စကစ က အဲဒီစီမံကိန်းကနေ နိုင်ငံခြားငွေကုန်မှာကြောက်ပြီး လှည့်မကြည့်ခဲ့ဘူး။ ဒီနေ့တော့ သင်္ဘောက ပြန်ထွက်သွားတယ်။ စကစနဲ့ စာချုပ်စာတမ်း ဘယ်လိုညှိလဲမသိဘူး" လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနသတင်းအရင်းမြစ်တဦးက ပြောပါတယ်။

V-Power Energy Group ရဲ့ CNTIC V-Power လျှပ်စစ်ဓာတ်လုပ်ပေးနိုင်တဲ့ သင်္ဘောဟာ တရက်ကို  မဂ္ဂါဝပ် ၇၅၀ အထိ ထုတ်လွှတ်ပေးနိုင်မှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကစလို့ စီမံချက်ကာလ ၅ နှစ်သတ်မှတ်ထားကြောင်း မူလထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဲဒီသင်္ဘောဟာ ၂ နှစ်ကျော်အကြာမှာပဲ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားခဲ့တာကြောင့် မူလရည်ရွယ်ချက်တွေပါ အဆုံးသတ်သွားခဲ့တာပါ။

လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ဖြန့်ဖြူးရေး ပြင်ဆင်နေစဥ်မှာ စစ်အာဏာသိမ်းခံရပြီးနောက် စီမံကိန်းပျက်သွားခဲ့ကာ သင်္ဘောဟာ သီလဝါဆိပ်ကမ်းမှာ သောင်တင်နေခဲ့တာဖြစ်ပြီး အခုလို ပြန်လည်ထွက်ခွာသွားရတာ နဲ့ ပတ်သက်လို့ ကုမ္ပဏီဘက်က တစုံတရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံခြားငွေကုန်ကျမူကို ချွေတာနေရတာကြောင့် လျှပ်စစ်မီးလင်းရေးကို အလေးမထားခဲ့ပေမဲ့ လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထား ပြေးဆွဲရေးကိုတော့ တစိုက်မက်မက်ပြောဆိုနေပါတယ်။

1 month Ago

March 27, 2023

ဟောင်ကောင်ဂေါက်ရိုက်ပြိုင်ပွဲတွင် တိုင်ချီခို အနိုင်ရ

ဟောင်ကောင်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ World City ချန်ပီယံရှစ် ဂေါက်ရိုက်ပြိုင်ပွဲမှာ အသက် ၂၂ နှစ်အရွယ် တိုင်ချီခိုက အနိုင်ရပြီး  မတ် ၂၆ ရက်မှာ အာရှပြိုင်ပွဲတခုအတွင်း ပထမဆုံးအနိုင်ရရှိတဲ့ ဟောင်ကောင်ဂေါက်ရိုက်သမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ 

ဒီပြိုင်ပွဲကျင်းပရာ ဟောင်ကောင်ဂေါက်ရိုက်ကလပ်မှာ လွန်ခဲ့တဲ့နှစ်လကမှ ပရော်ဖက်ရှင်နယ် ကစားသမား တဦးဖြစ်လာတဲ့  ခိုဟာ နယူးဇီလန်နိုင်ငံက မိုက်ကယ် ဟန်ဒရီထက် ရိုက်ချက် ၂ ချက် လျှော့ရိုက်နိုင်ခဲ့တာကြောင့် အခုလိုအောင်ပွဲခံနိုင်ခဲ့တာပါ။

ရာသီဥတုဆိုးရွားမှုကြောင့် ဒီပြိုင်ပွဲမှာ ကျင်း ၅၄ ကျင်းအထိ လျှော့ချခဲ့ပေမဲ့ ဒီလူငယ်ဂေါက်ရိုက်သမားဟာ သတ်မှတ်ရိုက်ချက် ၇၀ နဲ့အတူ ပြိုင်ပွဲကို အဆုံးသတ်နိုင်ခဲ့ပြီး လျှော့ရိုက်ချက် ၁၂ ချက်အထိ ရှိခဲ့ပါတယ်။ 

ဒီပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ဒီနှစ် ဇူလိုင်လမှာကျင်းပမယ့် အိုးပင်းချန်ပီယံရှစ် ပြိုင်ပွဲဝင်ခွင့် တနေရာကို ရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာ သြစတြေးလျနိုင်ငံသား ထရားဗစ်စမစ်က တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံသား ဘိုင်ယိုကင်မ်နဲ့ ဖိလစ်ပိုင်နိုင်ငံသား မီဂဲလ်တဗွေးနားကတော့ စတုတ္ထနေရာမှာ ပူးတွဲရပ်တည်ခဲ့ပါတယ်။

1 month Ago
Up