close

အန်တိုနီ

close

February 8, 2023

လိဒ်ယူနိုက်တက်နှင့် မန်ယူတို့ပွဲစဉ်တွင် တွန်မီနေး၊ မာစီယယ်၊ အန်တိုနီနှင့် ကတ်စမီရိုတို့ လွဲချော်မည်

လိဒ်ယူနိုက်တက်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက မာစီယယ်၊ အန်တိုနီနဲ့ ကတ်စမီရိုတို့ လွဲချော်မယ်လို့သိရပါတယ်။

မန်ယူအသင်းမှာ ကွင်းလယ်လူ တွန်မီနေးနဲ့ အဲရစ်ဆင်နဲ့ ဗန်ဒီဘိခ်တို့ဟာလည်း ဒဏ်ရာပြဿနာတွေကြောင့် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

အနီကတ်ပြစ်ဒဏ်ကြောင့် သုံးပွဲပယ်ခံရမယ့် ကတ်စမီရိုနဲ့ ပတ်သက်လို့ အယူခံမဝင်ဘူးလို့လည်း နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားပါတယ်။

ဒဏ်ရာနဲ့ ပွဲပယ်ကစားသမားတွေရှိပေမယ့် ယူနိုက်တက်အသင်းလူစာရင်းမှာ အလွန်ကောင်းမွန်တဲ့ ကစားသမားတွေရှိပြီး ရှိတဲ့ ကစားသမားတွေနဲ့ အကောင်းဆုံးယှဉ်ပြိုင်မယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

လိဒ်ယူနိုက်တက်အသင်းဘက်မှာတော့ နည်းပြဂျက်စီမာ့ချ်ကို ရာထူးကနေ ထုတ်ပယ်ထားပြီး အဲဒီလိုထုတ်ပယ်တိုင်းရလဒ်ကောင်းမွန်တယ်ဆိုတာကို မယုံကြည်ကြောင်းနဲ့ နည်းပြ မာ့ချ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

2 months Ago

November 30, 2022

ကွင်းထဲက လေအေးပေးစက်များကြောင့် ဖျားနာမှုတွေဖြစ်စေကြောင်း အန်တိုနီ ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲကွင်းတွေထဲက လေအေးပေးစက်ကြောင့် ဖျားနာမှုတွေဖြစ်စေကြောင်း ဘရာဇီး တောင်ပံတိုက်စစ်မှူး အန်တိုနီက ပြောပါတယ်။

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆောင်းရာသီမှာ ကျင်းနေတာဖြစ်ပေမယ့် အပူချိန်များနေဆဲဖြစ်လို့ ဘောလုံးကွင်းတွေထဲမှာ လေအေးပေးစက်တွေ ဖွင့်ထားရတာပါ။

ဘရာဇီးအသင်းဟာ တနင်္လာနေ့က ဆွစ်ဇာလန်အသင်းနဲ့ ကစားခဲ့အပြီးမှာ  အန်တိုနီ အပါအဝင် ကွင်းလယ်လူ ပါကေတာ၊ ဂိုးသမားအလစ်ဆန် တို့ဟာ တုပ်ကွေးလက္ခဏာတွေ ခံစားခဲ့ရပြီး နောက်တနေ့မှာ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။

အန်တိုနီကတော့ အဲဒီလို တုပ်ကွေးဖျားနာတဲ့ ဝေဒနာခံစားရတာဟာ ဘောလုံးကွင်းထဲက လေအေးပေးစက်ကြောင့် ဖြစ်ပြီး ဆိုးရွားစွာ ခံစားခဲ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ချောင်းဆိုးမှုလည်းဖြစ်ပေါ်စေပြီး ခက်ခဲတဲ့အခြေအနေဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ပြန်လည်ကောင်းမွန်နေပြီဖြစ်ပေမယ့် ကစားသမားအတော်များများမှာ အလားတူ ဝေဒနာတွေ ခံစားခဲ့ကြရတယ်လို့ အန်တိုနီက ပြောပါတယ်။

4 months Ago
Up