close

အပူချိန်မြင့်တက်

close

March 31, 2023

စပိန်တွင် အပူချိန် စံချိန်တင်မြင့်မားပြီး တောမီးလောင်

စပိန်နိုင်ငံတဝန်းလုံးမှာ နွေဦးရာသီ အပူချိန် စံချိန်တင်မြင့်မားမှုကြောင့် မီးဘေးအန္တရာယ်လည်း မြင့်တက်လာပြီး စပိန်မြောက်ပိုင်း အက်စ်တူးရီးယပ်စ်ဒေသမှာ မတ်လ ၃၀ ရက်က တောမီး ၁၀၀ ကျော် လောင်ကျွမ်းခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

စပိန်နိုင်ငံဟာ ပုံမှန်ထက် ၇ ဒီဂရီမှ ၁၄ ဒီဂရီကြား အပူချိန်နဲ့အတူ အပူဆုံး မတ်လ ၂၉ ရက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း အက်မက်ထ် မိုးလေဝသဌာနက ပြောပါတယ်။

အက်စ်တူးရီးယပ်စ်ဒေသဟာ သစ်တောလမ်းကြောင်းတွေကို ဝင်ရောက်ဖြတ်သန်းခြင်းနဲ့ မီးရှို့ခြင်းတွေ၊ စက်ယန္တရားတွေနဲ့ တောမီးလောင်မှုတွေကို ပိုဆိုးရွားစေနိုင်တဲ့ မော်တော်ယာဥ် ပစ္စည်းကိရိယာတွေကို အသုံးပြုခြင်းတွေကိုလည်း ထိန်းချုပ်ထားပါတယ်။

ဒေသဆိုင်ရာ ရုပ်မြင်သံကြားဌာနတခုက ဗီဒီယိုဖိုင်ထဲမှာတော့ မီးတောက်ကြီးတွေရဲ့ ခပ်ဝေးဝေးမှာ မောင်းနှင်နေတဲ့ ကားတွေနဲ့ အဲဒီဧရိယာကို စိုစွတ်စေဖို့ အရေးပေါ် ရေဖျန်းပေးနေတာတွေကို ပြသခဲ့ပါတယ်။

“အက်စ်တူးရီးယပ်စ်က မီးလောင်တာ မဟုတ်ပါဘူး။ မီးရှို့ခံရတာပါ” လို့ ဒေသခေါင်းဆောင် အက်ဒရီယန် ဘာဘွန်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

တာဝန်ရှိတဲ့သူတွေက သစ်တောတွေကို မီးရှို့တဲ့သူတွေပဲလို့လည်း ဆိုပါတယ်။ သူတို့ဟာ ရာဇဝတ်ကောင်တွေ၊ ဥပဒေမဲ့ လုပ်ဆောင်နေသူတွေမို့လို့ သူတို့ကို တရားစွဲပြီး အရေးယူခိုင်းမယ်လို့လည်း ဒေသခေါင်းဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဗလင်စီယာအရှေ့ပိုင်းဒေသမှာ အရှိန်ပြင်းပြင်း လောင်ကျွမ်းနေဆဲဖြစ်တဲ့ အခုနှစ်အတွက် ပထမဆုံး တောမီးလောင်ကျွမ်းမှုကို အခုထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ဟက်တာပေါင်း ၄,၇၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။

5 days Ago

July 19, 2022

ဥရောပနိုင်ငံများတွင် အပူချိန်မြင့်တက်၊ တောမီးလောင်

စပိန်၊ ပြင်သစ်နဲ့ ဂရိနိုင်ငံတွေအပါအဝင် ဥရောပ နိုင်ငံတွေမှာ အပူချိန်တွေမြင့်တက်ပြီး  တောမီး အကြီးအကျယ် လောင်နေတာကို ငြှိမ်းသတ်ဖို့ အာဏာပိုင်တွေက ကြိုးပမ်းနေကြရပါတယ်။

စပိန်မှာ အပူချိန်က ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်မှာရှိနေပြီး တောင်ထူတဲ့ မြေပြင် အခြေအနေကြောင့် မီးသတ်သမားတွေအတွက် မီးငြှိမ်းရ ခက်ခဲနေတာဖြစ်လို့ ရဟတ်ယာဉ်တွေနဲ့ ရေသယ် မီးငြှိမ်းခဲ့ရတာပါ။

စပိန်နိုင်ငံအနောက်မြောက်ပိုင်း ဂါလီစီယာထိ တောမီးတွေ ရောက်လာနေပါပြီ။ သီတင်းပတ် တပတ်လောက်ကြာနေတဲ့ အပူလှိုင်းအတွင်း စပိန်ရဲ့အပူချိန်ဟာ ၄၅ ဒသမ ၇ ဒီဂရီ ဆဲလ်စီးယပ်စ် ၁၁၄ ဒီဂရီ ဖှာရင်ဟိုက်အထိ ရောက်လာခဲ့ပါတယ်။

ဇူလိုင် ၁၇ ရက်မှာ နိုင်ငံမြောက်ပိုင်း အာရာဂွန်၊ နာဗာရာနဲ့ လာရီယိုဂျာ ဒေသတွေမှာ အပူချိန် ၄၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်မယ်လို့ စပိန် မိုးလေဝသအေဂျင်စီက ခန့်မှန်းထားပြီး အပူချိန် သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

အပူလှိုင်းက ဇူလိုင် ၁၈ ရက်မှာ အဆုံးသတ်မယ်ဆိုပေမယ့် အပူချိန်က ပုံမှန်ထက် မြင့်နေဦးမယ်လို့ သတိပေးထားပါတယ်။   အပူချိန်မြင့်တက်လို့ လူရာချီသေဆုံးခဲ့ရပြီး သိပ္ပံပညာရှင်တွေကတော့ ကမ္ဘာကြီး ပူနွေးမှုကြောင့်လို့ ပြောပါတယ်။ 

ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း ယိဟွန်းဒ်ဒေသထဲမှာ လောင်နေတဲ့ တောမီးကြောင့် မီးသတ်သမားအယောက် ၁၂၀၀ ကျော် မီးကို ကြိုးစားထိန်းချုပ်နေရတယ်သလို အမြင့်ဆုံးအဆင့် အနေနဲ့ အနီရောင်အဆင့်ကြေညာချက်ကို အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ 

အီတလီမှာ လာမယ့်ရက်တွေအတွင်း ဒေသအတော်များများမှာ အပူချိန်က ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထက်မှာ ရှိမယ်လို့ ခန့်မှန်းထားပြီး တောမီး သေးသေးတွေ လတ်တလော ရက်တွေမှာ ​လောင်ကျွမ်း နေပါတယ်။ 

အင်္ဂလန်နယ် အစိတ်အပိုင်းတွေမှာ အစွန်းရောက် အပူချိန်အတွက် ပထမဆုံး အနီရောင်အဆင့် တပ်လှန့်သတိပေးချက်ကို ဗြိတိန်အမျိုးသားရာသီဥတု ဟောကိန်းထုတ်သူတွေက ထုတ်ပြန်ထားပါတယ်။ 

9 months Ago
Up