close

အမ်ဘာပေ

close

March 22, 2023

ဂရစ်ဇ်မန်းကိုကျော်ပြီး အမ်ဘာပေကို ပြင်သစ်အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်

ပြင်သစ်အသင်းနည်းပြ ဒေးရွှန့်ဟာ အသင်းခေါင်းဆောင်သစ်ရာထူး ခန့်အပ်ရာမှာ ဂရစ်ဇ်မန်းကို ကျော်ပြီး အမ်ဘာပေကို တာဝန်ပေးခဲ့ပါတယ်။

အသက် ၂၄ နှစ်ပဲရှိသေးတဲ့ တိုက်စစ်မှူး အမ်ဘာပေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံးကစားသမားဆု ရခဲ့ပြီး ပြင်သစ်နဲ့ စုစုပေါင်း ၆၆ ပွဲမှာ ၃၆ ဂိုး သွင်းယူထားတာပါ။

အသင်းခေါင်းဆောင်တာဝန်ယူခဲ့တဲ့ ဂိုးသမား ဟူဂိုလိုရစ်က လက်ရွေးစင်ကနေ အနားယူသွားခဲ့တာကြောင့် အမ်ဘာပေကို အသင်းခေါင်းဆောင်သစ် ခန့်အပ်ခဲ့တာပါ။

အသက် ၃၂ နှစ်ရှိပြီး ပြင်သစ်အတွက် ပွဲပေါင်း ၁၁၇ ပွဲကစားပြီး ၄၂ ဂိုးသွင်းထားတဲ့ ဂရစ်ဇ်မန်းကိုတော့ ဒုတိယအသင်းခေါင်းဆောင်တာဝန် ပေးခဲ့ပါတယ်။

အဲဒီကိစ္စအပေါ် ဂရစ်ဇ်မန်းဘက်က ဝမ်းနည်းစိတ်ပျက်ခဲ့ရတာကြောင့် ပြင်သစ်အတွက် ဆက်ကစားပေးဖို့ မရေမရာဖြစ်လာခဲ့ကြောင်း L’Equipe သတင်းက ဖော်ပြသွားခဲ့ပါတယ်။

နည်းပြ ဒေးရွှန့်ကတော့ အမ်ဘာပေဟာ အသင်းခေါင်းဆောင်တဦးမှာရှိရမယ့် ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိကြောင်း ပြောထားပါတယ်။

5 days Ago

February 28, 2023

ရီးရဲလ်မက်ဒရစ်နှင့် အမ်ဘာပေတို့၏ အပြောင်းအရွှေ့ ဖြစ်မြောက်လာမည်ကို ပီအက်စ်ဂျီစိုးရိမ်

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူး အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်လာမှာကို စိုးရိမ်မှုတွေရှိနေပါတယ်။

အမ်ဘာပေကို ၂၀၂၄ ခုနှစ်မှာ အလွတ်နဲ့ထွက်ခွာခွင့်မပြုရဖို့အတွက် အခုနှစ်ရာသီမှာ သက်တမ်းတိုးဖို့ လိုအပ်နေတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ၂၀၂၁ ခုနှစ်ကတည်းက အမ်ဘာပေကိုခေါ်ယူဖို့ ပစ်မှတ် ထားလုပ်ဆောင်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာလည်း သက်တမ်းတိုးဖို့ကိစ္စ အဆင်မပြေသေးတာကို အခွင့်ကောင်းယူပြီး အမ်ဘာပေကို ထပ်မံချဉ်းကပ်လာနိုင်တာကို ပီအက်စ်ဂျီအသင်းက စိုးရိမ်နေတယ်လို့သိရပါတယ်။

အမ်ဘာပေဟာ အသင်းနဲ့ ကာလတိုစာချုပ်ချုပ်ဆိုခဲ့တာ မကြာသေးပေမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ်လို့ သိရပါတယ်။ 

4 weeks Ago
Up