close

အမ်မရာဘတ်

close

December 21, 2022

မော်ရိုကိုကွင်းလယ်လူ အမ်မရာဘတ်ကို ပေါင်သန်း ၄၀ ဖြင့် လီဗာပူးခေါ်ယူရန် ကြိုးပမ်း

လီဗာပူးအသင်းဟာ မော်ရိုကိုကွင်းလယ်လူ အမ်မရာဘတ်ကို ပေါင်သန်း ၄၀ နဲ့ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

ဖီအိုရင်တီးနားကစားသမား အမ်မရာဘတ်ဟာ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို အသင်းကို ဆီမီးဖိုင်နယ်တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားအကောင်းဆုံး အသင်းမှာလည်း ရွေးချယ်ခံခဲ့ရသူပါ။

ပြင်သစ်သတင်းဌာန ဖုဒ်မာကာတိုရဲ့ဖော်ပြချက်အရ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်ဟာ အမ်မရာဘတ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကြိုတင်တွေ့ဆုံခဲ့ပြီး ကစားသမား ဖြစ်သူနဲ့လည်း မကြာခင်မှာ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။

အသက်၂၆ နှစ်ရှိအမ်မရာဘတ်ကလည်း လီဗာပူးအသင်းဆီ ပြောင်းရွှေ့လိုနေတယ်လို့ ဆိုပါတယ်။

နည်းပြ ကလော့ပ်ဟာ ကွင်းလယ်နေရာအတွက် ဒေါ့မွန်က ဘယ်လင်ဂမ်ကိုလည်း ပစ်မှတ်ထားနေဆဲလို့ သိရပါတယ်။

6 mins Ago
Up