close

အာတီတာ

close

April 1, 2023

ဆာလီဘာ၏ ဒဏ်ရာ မပြင်းထန်ရန် အာဆင်နယ်နည်းပြ အာတီတာ မျှော်မှန်း

အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာရဲ့ နောက်ကျောဒဏ်ရာဟာ ခွဲစိတ်ရလောက်တဲ့အထိမပြင်းထန်ဖို့ နည်းပြ အာတီတာက မျှော်လင့်ထားပါတယ်။

ဆာလီဘာဟာ နောက်ကျော်ဒဏ်ရာ သက်သာမှုမရှိသေးတာကြောင့် စနေနေ့မှာကစားရ မယ့်လိဒ်ယူနိုက်တက်နဲ့ပွဲကိုလည်း ဆက်လက်လွဲချော်မှာပါ။

သူဟာ နိုင်ငံတကာပွဲစဉ်တွေမကစားခင်ရက်သတ္တပတ်ကတည်းက နောက်ကျော ဒဏ်ရာကြောင့် ပဲလေ့နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါသေးတယ်။

ဆာလီဘာရဲ့ဒဏ်ရာအခြေအနေဟာ တိုးတက်လာပေမဲ့ အနည်းငယ် မသက်မသာ ခံစားရတာကြောင့် အသင်းဆေးအဖွဲ့နဲ့အတူ ဆက်လက်စောင့်ကြည့်နေပြီး ခွဲစိတ်ကုသရ လောက်တဲ့အထိ မပြင်းထန်ဖို့ မျှော်လင့်ကြောင်း နည်းပြအာတီတာကပြောပါတယ်။ 

အာဆင်နယ်ဟာ ပဲလေ့ကို  ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဆာလီဘာနေရာမှာ ရော့ဘ်ဟိုးဒင်းကို အသုံးပြုခဲ့ပြီး လိဒ်ယူနိုက်တက်နဲ့ပွဲမှာလည်း အဲဒီလိုပဲပွဲထွက်စေဖို့ရှိပါတယ်။

1 month Ago

March 20, 2023

အကောင်းဆုံးခြေစွမ်းဖြင့် နိုင်ပွဲရခဲ့ဟု အာဆင်နယ်နည်းပြ အာတီတာ ပြော

အကောင်းဆုံးခြေစွမ်းနဲ့ နိုင်ပွဲတွေရယူနိုင်ခဲ့တာက ပိုပြီးကြီးကျယ်ခမ်းနားကြောင်း အာဆင်နယ် နည်းပြအာတီတာက ပြောပါတယ်။

အာဆင်နယ်ဟာ မနေ့က ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ၄ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး လိဂ်နောက်ဆုံး ၆ ပွဲဆက်တိုက်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

အနိုင်ယူခဲ့တဲ့ပွဲစဉ်တွေတိုင်းမှာ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့သလို ခြေစွမ်းပြပြီး ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာဟာ ပိုပြီး ကြီးကျယ်ခမ်းနားကြောင်း နည်းပြအာတီတာကပြောပါတယ်။

ဒါပေမဲ့နိုင်ငံတကာပွဲစဉ်တွေက အပြန်မှာ လက်ရှိအသင်းလိုက်ခြေစွမ်းနဲ့ ကစားပုံကို ဆက်ထိန်းထားဖို့လိုအပ်ကြောင်းလည်း နည်းပြ အာတီတာကပြောသွားပါတယ်။

အာဆင်နယ်အသင်းဟာ လာမဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီး ပထမဆုံး ပွဲစဉ် အဖြစ် ဧပြီ ၁ ရက်နေ့မှာ လိဒ်ယူနိုက်တက်နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

1 month Ago
Up