close

အီရန်အမျိုးသမီး

close

December 6, 2022

အီရန်အမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ အာဏာပိုင်များကို ဖိအားပေးရန် ၃ ရက် သပိတ်မှောက်မည်

အီရန်အမျိုးသမီး မာရှာအာမာနီကို အီရန်ကျင့်ဝတ်ထိန်းသိမ်းရေးရဲတွေက ဖမ်းဆီးထိန်းသိမ်း ထားချိန်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေဟာ အီရန်အာဏာပိုင်တွေကို တုန်လှုပ်ချောက်ခြားစေခဲ့ပါတယ်။ 

ဒီဆန္ဒပြပွဲတွေဟာ ၁၉၇၉ ခုနှစ်၊ တော်လှန်ရေးနောက်ပိုင်း အစ္စလာမ်မစ်သမ္မတနိုင်ငံအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှု တွေထဲက တခုပါ။ 

ဒီအမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးခဲ့တဲ့ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေဟာ လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေကို တားဆီးပိတ်ပင်နိုင်ခဲ့ပြီလို့ အစိုးရ ရှေ့နေ့က ပြောဆိုခဲ့တာကြောင့် အာဏာပိုင်တွေကို ဖိအားပေးနိုင်ဖို့ နောက်တဆင့်အနေနဲ့ ဒီအပတ်ထဲမှာ သုံးရက်ကြာ သပိတ်မှောက်ဖို့ ဆန္ဒပြည်သူတွေက ဒီဇင်ဘာလ ၄ ရက်မှာ ဆော်သြခဲ့ပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်မှာပါဝင်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပြီးနောက် မြို့ အများအပြားက ဆိုင်တွေဟာလည်း ဒီဇင်ဘာ ၅ ရက်မှာ ဆိုင်တံခါးပိတ်ပြီး သပိတ်မှာ ပါဝင်ခဲ့ကြတာပါ။ 

ဟီဂျပ်ဝတ်ဆင်မှုစည်းမျဉ်း ချိုးဖောက်တယ်ဆိုပြီး ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေရဲ့ ဖမ်းဆီးထိန်းသိမ်းမှုကြောင့် အသက် ၂၂နှစ်အရွယ် အာမာနီ သေဆုံးပြီးကတည်းကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း  ရာနဲ့ချီတဲ့ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။ 

2 mins Ago

September 27, 2022

အီရန်အမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်သည့် လန်ဒန်မြို့ဆန္ဒပြပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်

အီရန်နိုင်ငံမှာ အကျင့်စာရိတ္တ ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရပြီးနောက်  အမျိုးသမီးတစ်ဦး သေဆုံးမှုနဲ့ ဆက်စပ်ပြီး စက်တင်ဘာ ၂၅ ရက်က ယူကေနိုင်ငံ လန်ဒန်မြို့ အနောက်မြောက်ပိုင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

လန်ဒန်မြို့လယ်က မာဘယ်လ်မုခ်ဦးနားက နေရာနဲ့ အင်္ဂလန်အနောက်မြောက်ဘက် ၃ ကီလိုမီတာ အကွာမှာရှိတဲ့ အစ္စလာမ္မစ်စင်တာနားတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာဖြစ်ပြီ အဲဒီ နေရာတွေမှာ ဗြိတိန် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ချထားခဲ့ပါတယ်။

အီရန်မှာ  ဘာသာရေးအရဝတ်ဆင်ရတဲ့ မွတ်ဆလင် ခေါင်းစည်းပုဝါကို  မသင့်တော်စွာ ဝတ်ဆင်မှုနဲ့  အသက် ၂၂ နှစ်အရွယ် ကာ့ဒ်အမျိုးသမီး မာဆာအာမီနီဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့အပြီး  အီရန်နိုင်ငံတဝန်းမှာ ကျန်ခဲ့တဲ့ သီတင်းပတ် တပတ်ကျော် ကာလပတ်လုံး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။

လတ်တလော နှစ်တွေအတွင်း အကြီးမားဆုံး အီရန်ဆန္ဒပြပွဲတွေအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေမှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး  မကြာသေးမီရက်တွေအတွင်း ဆန္ဒပြပွဲတွေကို မြင်တွေ့ခဲ့ရပါတယ်။၏

နိုင်ငံတဝန်း မငြိမ်မသက်မှုတွေမှာ ဝင်ရောက်စွက်ဖက်မှုနဲ့ ရန်လိုတဲ့ မီဒီယာတွေရဲ့ ဖော်ပြမှုတွေ အတွက် အီရန်အစိုးရက  ဗြိတိန်နဲ့ နော်ဝေ သံတမန်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။ 

2 months Ago
Up