close

HPDF

close

February 2, 2023

တိုက်ပွဲကြောင့် ဟုမ္မလင်း-ဖောင်းပြင်လမ်း ယာယီအသုံးမပြုရန် HPDF က ပြည်သူကို အသိပေး

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု (PDF) တွေအကြား ဇန်နဝါရီ ၁ ရက်က စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းကနေ စစ်ကူလာနေကြောင့် ဟုမ္မလင်း- ဖောင်းပြင်လမ်းကြောင်းအားလုံးကို ယာယီအသုံးမပြုကြဖို့ PDF တပ်တွေက ပြည်သူကို အသိပေးလိုက်ပါတယ်။

HPDF တာဝန်ရှိသူက “မနေ့က ရွှေပြည်အေးမှာရှိတဲ့ စစ်တပ်နဲ့ ပျူပူးပေါင်းစခန်းချနေတဲ့နေရာ သုံးခုကို တပြိုင်တည်းတိုက်ပြီး ဝင်သိမ်းတာ ၉၀ ရာခိုင်နှုန်းသိမ်းလိုက်နိုင်ပြီး စစ်တပ်ဘက်က ညနေပိုင်းမှာ MI- 35 နဲ့ သုံးကြိမ် လာပြီ ပစ်ကူပေးတယ်။ အခုလည်း လေယာဉ် သုံးစီး လာဝဲနေတယ်။ ဖောင်းပြင်ဘက်ကနေလည်း ရေကြောင်းနဲ့ ကုန်းကြောင်းကို သုံးပြီး စစ်ကူလာနေတယ်လို့ ကြားရတယ်။ ဒါ့ ကြောင့် မှားယွင်းပစ်ခတ်မိမှာ စိုးရိမ်လို့ ပြည်သူတွေအနေနဲ့ ဟုမ္မလင်း- ဖောင်းပြင်လမ်းကို ခဏ အသုံးမပြုကြဖို့ သတိပေးချင်တယ်” လို့ ပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ SNA ရှမ်းနီးတပ်နဲ့ ပျုစောထီးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ကြား ၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။ လက်ရှိ အချိန်ထိလည်း ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်မှာ ဆက်လက်စစ်ရေးတင်းမာမှုတွေရှိနေပါတယ်လို့ ဒေသခံတွေပြောပါတယ်။ 

“အခုချိန်ထိ နှစ်ဖက်ရင်ဆိုင်ထားတုန်းပဲ။ ပစ်ခတ်တာတော့ ငြိမ်နေတယ်။ စစ်တပ်ဘက်က စစ်ကူလာနေတယ်လို့ ကြားရတယ်။ တိုက်ပွဲက ဆက်ဖြစ်လာနိုင်တဲ့အခြေအနေရှိတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်နဲ့ ပျုစောထီးပူးပေါင်းအဖွဲ့တွေကို SNA  ရှမ်းနီတပ်က စစ်ကူးပေးတယ်လို့လည်း မျက်မြင်သက်သေတွေကပြောပေမဲ့ SNA ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။

SNA ရှမ်းနီတပ်ကို ဟုမ္မလင်းမြို့နယ်အတွင်းက ပြည်သူလူထုတွေက ဆန့်ကျင်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့ပါတယ်။

2 weeks Ago

July 3, 2021

HPDF နှင့် ကေအိုင်အေ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) နဲ့ ကေအိုင်အေ မဟာမိတ်တပ်တို့ ပူးပေါင်းပြီး ဇူလိုင် ၂ ရက်နေ့က စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၂ ရက် ည ၁၁ နာရီခွဲက ထီးချိုင့်မြို့နယ်၊ ဂွေးပင်တောင်လမ်းပိုင်းမှာ စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ စီးနင်းလာတဲ့ စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့တာကြာင့် ၁ စီး ပျက်စီးပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ လောက် ကျဆုံးခဲ့တယ်လို့ HPDFက  ဇူလိုင်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်သား အများအပြားလည်း ထိခိုက် ဒဏ်ရာရသွားပြီး HPDF နဲ့ KIA မဟာမိတ်တပ်တွေဘက်ကတော့ အထိအခိုက် အကျအဆုံး လုံးဝမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေကို HPDF နဲ့ KIA တို့ ပူးပေါင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

2 years Ago
Up