close
Connect with us

Hi, what are you looking for?

ရသ

‘ မြို့ ‘

‘ မြို့ ‘
‘ မြို့ ‘

◼️သင့်သူ

မြို့ကစစ်ဆီကို ရောက်​အောင်

သွား​နေတယ်။

စစ်ထဲမှာ သူ့မြို့သား​​တွေ

Public Service Announcement

Public Service Announcement

သူ့ရဲ​ဘော်တွေပါတာကိုး။

သူ့မြို့သား​တွေသူ့ဆီကို​ပြန်ရောက်ဖို့

သူ့ရဲ​ဘော်​တွေ ပြည်​တော်ဝင်ဖို့

မြို့ဟာ သူလုပ်နိုင်တာကိုအကုန်လုပ်​နေတယ်။

ငို​ဆို​တော့လည်း ရှိုက်ကြီးတငင်

ကြိုဆို​တော့လည်းအ​ပြေးတပိုင်း။

မြို့တံတိုင်းထိပ်မှာ

ကြယ်ဖြူ အလံကြီးကို အဆင်သင့်ဝှက်လို့။

မြို့လမ်း​တွေမှာ သ​ပြေနု​တွေ ရဲရဲနီလို့။

မြို့ဟာ သူ့သမိုင်းကို သူ​သွေးလို့။

မြို့ဟာ

သူ့မြို့သား​တွေကို သူလွမ်း​ကြောင်းပြဖို့

စစ်​ထဲအတင်းတိုးဝင်​နေတယ်

မြို့ဟာသူမြို့သား​တွေကို သူမခွဲနိုင်​ကြောင်းပြဖို့….

မြို့ဟာ

စနစ်ကိုပြင်ဖို့ ဘယ်​လောက်နာ​​နာတဲ့

အချစ်ကိုမြင်ဖို့ အ​ရောက်လာ​နေသလို

စစ်ကိုပြင်လို့​စောင့်ကာ ​နေတယ်။ ။

((The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘သင့်သူ’ ရဲ့ “မြို့”ကဗျာ ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

Facebook