Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မန္တလေးလမ်းမကြီးတွင် စစ်ကောင်စီတပ် ဆီဘောက်ဆာယာဉ်များ တိုက်ခိုက်ခံရ၊ တစ်စီးလမ်း​ဘေးထိုးလဲသွား

ထိုသို့တိုက်ခိုက်မှုကြောင့် ယာဥ်တန်းသည် တစ်မိုင်ခန့်သွားအပြီး စိုင်နိုင်လေးရွာအနီးတွင် ဆီဘောက်ဆာတစ်စီးထိုးလဲသွားကာ လုံးဝရပ်တန့်သွားခဲ့ကြောင်း Shwebo Defense Force(SBDF)က အသိပေးသည်။

ရွှေဘို - မန္တလေးလမ်းမကြီးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ
ရွှေဘို - မန္တလေးလမ်းမကြီးအား တွေ့ရစဥ်။ဓာတ်ပုံ-CJ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ပောင်စီတပ်​၏ ဆီဘောက်ဆာယာဥ်များတိုက်ခိုက်ခံရပြီး တစ်စီးတိမ်းမှောက်ကာ ယနေ့နံနက်ပိုင်းအထိ သယ်ယူနိုင်ခြင်းမရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (သြဂုတ်၁၀ရက်) ညနေ ၄ နာရီခွဲအချိန်က ရွှေဘို-မန္တလေးလမ်းပေါ်တွင် စစ်ကိုင်းမြို့ တပ်မ(၃၃)မှ ရွှေဘိုမြို့သို့ထွက်ခွာလာသည့် လေယာဥ်ဆီတင် ဆီ​ဘောက်ဆာကားလေးစီး၊ ခြောက်ဘီးကားတစ်စီးနှင့် ဆယ့်နှစ်ဘီးကားတစ်စီးပါဝင်သော စစ်ကောင်စီယာဥ်တန်းအား စိုင်နိုင်ကွေ့တောင်ဘက်ကစပြီး မဟာမိတ်ငါးဖွဲ့က တစ်ဖွဲ့ပြီးတစ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ယာဥ်တန်းသည် တစ်မိုင်ခန့်သွားအပြီး စိုင်နိုင်လေးရွာအနီးတွင် ဆီဘောက်ဆာတစ်စီးထိုးလဲသွားကာ လုံးဝရပ်တန့်သွားခဲ့ကြောင်း Shwebo Defense Force(SBDF)က အသိပေးသည်။

ပဒေသာမိုင်းအလုံး ၁၀၀ခန့်သုံးကာ တိုက်ခိုက်ခဲ့ကြကြောင်း ယခုအခါထိုနေရာသို့ စစ်ကောင်စီတပ်သား ၁၀၀ကျော်နှင့် ကရိန်းကားတစ်စီး ရောက် ရှိလာပြီး ထိခိုက်ပျက်စီးမှုများ၊ သေဆုံးသူများ၊ မိုင်းများကိုရှင်းလင်းရန် ရောက်ရှိလာခဲ့ကြောင်း Shwebo Defense Force(SBDF)က ပြောသည်။

ယမန်နေ့ည ၁၀ နာရီခန့်က အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်သည် ကရိန်းကားတစ်စီး၊ အိမ်စီးကားလေး(၂)စီးဖြင့် ထပ်မံရောက်ရှိလာကာ လဲနေသည့် ဆီဘောက်ဆာကားကြီးကိုထောင်ရန် လာရောက်ခဲ့ကြောင်း၊ သို့သော် ကရိန်းကားမှာသေးနေသောကြောင့် ဆီဘောက်ဆာကားကြီးကို မထောင်နိုင်သဖြင့် မြို့ထဲဘက်သို့ပြန်မောင်းဝင်သွားကြောင်း ဒေသခံများက ပြောသည်။

“ဖြစ်စဉ်နဲ့စကစ တွေပုံစံကိုကြည့်ရတာ ဆီဘောက်ဆာကားကြီးက ဆီကားမဟုတ်လောက်ဘူးလို့ ဒေသခံပြည်သူတစ်ဦးက သတင်းပေးပို့ထားပါတယ်ခင်ဗျ။ ယနေ့မနက် အစောကြီးထဲက စခနဲ့ ရခတွေ အင်အား(၂၀)ကျော်လောက် စိုင်နိုင်လေးရွာတောင်ဘက် မိုးကောင်းကင် စကစက်သုံးဆီအရောင်းဆိုင်နားကိုရောက်နေတယ်လို့ သိရပါတယ်။ လမ်းသွားလမ်းလာများကိုလည်း မထင်ရင်မထင်သလို စစ်ဆေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။ မနေ့ညကလည်း ​ခတွေ မပြန်ဘဲ ကင်းပုန်းဝတ်နေကြကြောင်း သိရှိရပါတယ်။”ဟု ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

အဆိုပါ ယာဉ်တန်းများကိုတိုက်ခိုက်သည့် Tiger King အဖွဲ့ကလည်း တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ၂ဖွဲ့ခွဲကာ ဝက်လက်မြို့နယ် စိုင်နိုင်ကြီးတောင်ထိပ်နှင့် မြောက်ဘက်ထိပ်တွင်ပတ်ဝန်းကျင်ကို လိုက်လံပစ်ခတ်ခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

ထိုစစ်ဆင်ရေးအား Shwebo Defense Force(SBDF)နှင့် Ghost Rider Special Task Force(GRSTF)၊ ရွှေဘိုခရိုင် တပ်ရင်း၂၃ တပ်ခွဲ၁၊ သိဒ္ဓိရှင် တိုက်နယ် ပ.က.ဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် Daung ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းတွင် SBDF မိုင်းအဖွဲ့များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ပြည်သူများသည် ည၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်၊ ကားများကိုမှန်ချမောင်းနှင်ရန်၊ အကြမ်းဖက်စစ်ကားများနှင့် ဝေးဝေးနေကြရန် အထူးမေတ္တာရပ်ခံကြောင်း SBDFက အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏ ခလရ(၂၉၇)တပ်ရင်းနှင့် အဆိုပါတပ်နှင့် ဆက်စပ်နေသည့် ဝါရာဇွပ်ဌာနေ ပြည်သူ့စစ်စခန်းကို KIA တပ်ရင်း(၁၄) ရဲဘော် များက ဩဂုတ် ၁၁ရက် နံနက် ၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။

သတင်း

စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်တစ်လုံးထိမှန်ကာ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဟားခါး CDFက ဖော်ပြသည်။

သတင်း

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။