Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန်ကြီးဌာနထုတ်ပြန်

ယခုအသိပေးထုတ်ပြန်သည့် မေးခွန်းလွှာပုံစံသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ကျင်းပမည့် ခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုရန်ရာထားသည့် နမူနာမေးခွန်းပုံစံလည်း ဖြစ်သည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (MOGE)က အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်း လွှာပုံစံများအား ယနေ့(စက်တင်ဘာ ၉)တွင် အသိပေးထုတ်ပြန် သည်။

ယခုအသိပေးထုတ်ပြန်သည့် မေးခွန်းလွှာပုံစံသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင်ကျင်းပမည့် ခံပညာပြီး မြောက်ကြောင်း စစ်ဆေးအကဲဖြတ်ရာတွင် အသုံးပြုရန်ရာထားသည့် နမူနာမေးခွန်းပုံစံလည်း ဖြစ်သည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်

“အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းကို ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများ၊ သင်ကြားပေးမည့် ဆရာ/ ဆရာမများနှင့် မိဘအုပ် ထိန်းသူများအနေဖြင့် မေးခွန်းလွှာဆိုင်ရာ အချက်အလက်များနှင့် နမူနာ မေးခွန်းလွှာပုံစံများကို ကြိုတင်လေ့လာနိုင်ရန်အတွက် (၉-၉-၂၀၂၂) ရက်နေ့မှစတင်၍ ဘာ သာရပ် အလိုက် နေ့စဉ်ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါသည်”ဟု NUG၊ MOGE က အသိပေးသည်။

မကြာမီကာလအတွင်း Online System(သို့ မဟုတ်)အင်တာနက်မရသောဒေသများတွင်ပါ Offline ဖြေဆိုနိုင်ကြရန် ဖြေဆိုရမည့်နည်းလမ်းများကို သရုပ်ပြဗီဒီယိုများဖြင့် ထပ်မံအသိပေး ကြေညာပေးသွားမည်ဟု ဆိုသည်။

“ဖြေဆိုလိုသူများအနေနဲ့ နာမည်စရင်းသွင်းခြင်းregistration ကို အောက်တိုဘာလအတွင်းမှာစတင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”ပညာရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်က အသိပေးသည်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်
အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ နမူနာမေးခွန်းလွှာပုံစံများ NUG ပညာရေးဝန် ကြီးဌာနထုတ်ပြန်

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များအားလုံးကို အမျိုးသားညီ ညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ Website ၊ တရားဝင်လူမှုကွန်ယက် စာမျက်နှာများ၊ Channels များ၊ သတင်းမီဒီယာများအပြင် ကြားကာလအခြေခံ ပညာရေးအဖွဲ့ အစည်းများထံသို့ အချိန်မီ စဉ်ဆက်မ ပြတ်ပေးပို့ အသိပေးကြေညာပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည့် နမူနာမေးခွန်းပုံစံမှာ ယခင်ကအသုံးပြုခဲ့သော စာမေးပွဲမေးခွန်းပုံစံများနှင့်မတူဘဲ နားလည်တတ်မြောက်မှုကို အဓိကရည်ရွယ်သည့် အဖြေမှရွေးချယ်စေသည့်မေးခွန်းအများစုပါဝင်သည်ကို တွေ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အင်ယားကန်ဘောင်၏အရှေ့ဖက်နှင့်အနောက်ဘက်နေရာများသာ အများပြည်သူအတွက် ကျန်ရှိတော့၍ တော်လှန်လူငယ်များအတွက် အင်းယားကို ပြန်သိမ်းခြင်းဖြစ်သည်ဟုလည်း အသိ​ပေးသည်။

သတင်း

လာမယ့် တစ်နှစ်အတွင်း ယခုထက်ပိုမိုကျယ်ပြန့်သည့် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြင့် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။

သတင်း

ပြည်သူ့ခုခံစစ်တစ်နှစ်ပြည့်ဖြစ်သည့် ယနေ့(စက်တင်ဘာ ၇ရက်)တွင် ဝန်ကြီးက ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်များသို့ ပြောကြားချက်တွင် အထက်ပါအတိုင်း အသိပေးခဲ့ခြင်းဖြစ်သည်။

သတင်း

အမေရိကန်ဟာ ဗင်နီဇွဲလား နိုင်ငံရေး အားပြိုင်မှုတွေတုန်းကတော့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွိုင်ဒို ဦးဆောင်တဲ့ စင်ပြိုင် အစိုးရကို တရားဝင် အသိအမှတ်ပြုပြီး အမေရိကန်မှာ အပ်နှံထားတဲ့ ဗင်နီဇွဲလားပိုင် ဘဏ်စာရင်းတွေကို ထုတ်နုတ် သုံးစွဲခွင့် ပြုခဲ့ဖူးပါတယ်။