သတင်း စစ်တပ်ထိုးစစ်ကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို KNDF ပိတ်ပင် စစ်ကောင်စီတပ် ထိုးစစ်ဆင်လာတာကြောင့် ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိပိတ်မယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)က ဒီကနေ့(စက်တင်ဘာ၂၃ရက်)မှာ ထုတ်ပြန်ပါတယ်။ ludunwayoo1 နာရီ ago
သတင်း ဘောလခဲမြို့စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်မလာရင် နေအိမ်နဲ့ခြံတွေသိမ်းမယ်လို့ စစ်တပ်ခြိမ်းခြောက် ကရင်နီပြည်နယ်၊ ဘောလခဲမြို့စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်လာဖို့နဲ့ ပြန်မလာရင် နေအိမ်နဲ့ခြံတွေသိမ်းဆည်းမယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်နေတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 15, 2025
သတင်း ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်သားတဦး သေနတ်နှစ်လက်ယူလာပြီး အလင်းဝင်လာ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်မှ တပ်သားတဦး လက်နက်နှစ်လက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့(စက်တင်ဘာ၁၂ရက်) ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 13, 2025
သတင်း ဒီးမော့ဆိုတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦး သေဆုံး ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(CTER-Karenni)က ယနေ့ (စက်တင်ဘာ၁၂ရက်) အသိပေးသည်။ ludunwayooစက်တင်ဘာ 13, 2025
သတင်း ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်းတိုက်ပွဲ ရဲဘော်နှစ်ဦး ကျဆုံး ကရင်နီပြည်နယ်၊ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပိုင်း တိုက်ပွဲအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီတိုင်းစစ်ဌာန၊ အမှတ် (၁၁၀၇)တပ်ရင်းက ယနေ့ ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 11, 2025
သတင်း ကရင်နီပြည်အတွင်း ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင်ရှိ ရွေးကောက်ပွဲအတွက် မြို့နယ်များပြန်ရရေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာမှုကြောင့် ကရင်နီပြည်နယ်အတွင်း ရွှေ့ပြောင်းစစ်ဘေးရှောင်နေရသူ နှစ်သိန်းဝန်းကျင်ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ယနေ့(စက်တင်ဘာ၈ရက်) ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 8, 2025
သတင်း ဒီးမော့ဆို – ဖရူဆိုလမ်းပိုင်း၌ စစ်တပ် စစ်ကြောင်းဆက်ထိုးနေ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနေဖရူဆိုမြို့နယ်ဘက်ကိုဖောက်ထွက်နိုင်ဖို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဆက်တိုးနေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 8, 2025
သတင်း ဘီလူးချောင်းထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သားသစ်အလောင်းတွေ တွေ့နေ ကရင်နီပြည်နယ်၊ဘီလူးချောင်းထဲမှာစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်သား သစ်အလောင်းတွေ တွေ့ရှိနေတယ်လို့ ကရင်နီစစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 3, 2025
သတင်း ဒီးမော့ဆိုတိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်တပ်က အင်အားဖြည့်ပြီးနောက် တိုက်ပွဲများ ဆက်ပြင်းထန်နေ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲအတွင်း စစ်ဦးချိုးခံခဲ့ရသည့် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီးနောက် ငွေတောင်ရွာသစ်တွင် တိုက်ပွဲများဆက်ပြင်းထန်နေကြောင်း မြေပြင်ရှိ ရဲဘော်များက ပြောသည်။ ludunwayooစက်တင်ဘာ 1, 2025
သတင်း ဒီးမော့ဆို နှင့် ဖရူဆို တိုက်ပွဲ စစ်တပ်အထိနာနေ ကရင်နီပြည်နယ်၊ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်နီတပ်ပေါင်းစုမှ ခုခံတိုက်ခိုက်လျက်ရှိရာ စစ်တပ်သေဆုံးထိခိုက်မှုများနေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ကရင်နီ တပ်ဖွဲ့ဝင်အချို့က ပြောသည်။ ludunwayooဩဂုတ် 31, 2025