close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တဲ့ ဗီဒီယိုတွေကို အီရန်ထုတ်ပြ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

Screenshot

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

ဧပြီ ၈ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲထားတဲ့ အီရန်နဲ့ အစ္စရေးတို့ဟာ ဇွန်လ ၇ ရက်နေ့ ညပိုင်းမှာတော့ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ အီရန်က အစ္စရေး မြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး မြို့တော် တဟီရန် အပါအဝင် အီရန် အလယ်ပိုင်းနဲ့ အနောက်ပိုင်း နယ်မြေတွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ပါတယ်။

အစ္စရေးစစ်တပ် (IDF)က အီရန်ဆီက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံရတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး အီရန်ဒုံးကျည် အားလုံးကို ကြားဖြတ် ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့ အစ္စရေး တိုက်လေယာဉ်တွေဟာ အီရန်ရဲ့ စစ်ရေးပစ်မှတ်တွေကို ချေမှုူန်းဖျက်ဆီးနိုင်ခဲ့တယ်လို့ IDFက ဆိုပါတယ်။

ဇွန်လ ၈ ရက်နေ့မှာတော့ အီရန်ဟာ အစ္စရေးဖက်ကို ဒုံးကျည်တွေ ပစ်လွှတ်နေတဲ့ မှတ်တမ်း ဗီဒီယိုတွေကို ထုတ်ပြလာတာ ဖြစ်ပါတယ်။ ဗီဒီယို ဖြတ်ပိုင်းတွေမှာတော့ မှောင်မည်းနေတဲ့ ညအချိန်မှာ ဒုံးကျည်တွေကို ပစ်စင်ကနေ လွှတ်တင်လိုက်တာတွေ၊ ကောင်းကင်ယံမှာ ဒုံးကျည်တွေရဲ့ အလင်းစက်တွေ ပျံသန်းနေတာတွေကို တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အီရန်ရော၊ အစ္စရေးပါ တိုက်ခိုက်မှုတွေ ဆက်မလုပ်ကြဖို့ တောင်းဆိုထားပါတယ်။ နှစ်လလောက်အတွင်း ပထမဆုံး အကြိမ်အဖြစ် အီရန်နဲ့ အစ္စရေးကြားမှာ တိုက်ရိုက် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာတာကြောင့် အပစ်ရပ် သဘောတူညီမှု ပျက်ပြယ်ပြီး စစ်ပွဲ ပြန်စလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ဆူပူမာန်မဲခဲ့ကြောင်း သတင်းတွေဟာ မှန်ကန်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။