Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရိခေါဒါရ်တိုက်ပွဲစစ်တပ် တပ်ရင်းမှူးအပါအဝင်၈ဦးသေဆုံး၊ ဗိုလ်ကြီး အပါအဝင် ၄ဦး ထွက်ပြေးလာဟု PDF Zoland အသိပေး

အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်ရာ ဒေသတွင်းရှိ ပြည်သူ ၃ဦး ထိမှန်ခဲ့ပြီး ၁ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီစခန်းကို ချင်း​ဒေသကာကွယ်​ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်​နေစဥ်)
(စစ်​ကောင်စီစခန်းကို ချင်း​ဒေသကာကွယ်​ရေးတပ်များကပူး​ပေါင်းတိုက်ခိုက်​နေစဥ်)

ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဖြစ်သူ ဒုဗိုလ်မှူးကြီး ဝေမျိုးပိုင် နှင့် ၎င်း၏ ကိုယ်ရေးအရာရှိ အပါအဝင် ၈ဦးသေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်စခန်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်-ဇိုလန်း(PDF-Zoland)က ယနေ့ ညနေပိုင်း၌ သတင်းထုတ်ပြန်သည်။

မြန်မာ- အိန္ဒိယ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းကို PDF Zoland၊ MEDF ၊CDF-CDM (Siyin)၊ CNDF တို့ပူးပေါင်း၍ ယနေ့မနက်အစော ၂နာရီတွင် တိုက်ခိုက်ခဲ့ရာ ၅နာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် ၄ဦး ထွက်ပြေးလာခဲ့သည်ဟု PDF- Zoland က သတင်းထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပြည့်သူ့ကာကွယ်ရေးတပ်သား PDF Zoland မှ တစ်ဦး၊ CDF-CDM (Siyin) မှ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်ရာ ဒေသတွင်းရှိ ပြည်သူ ၃ဦး ထိမှန်ခဲ့ပြီး ၁ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်ပျံဝဲလာ၍ ပြည်သူ့ကာကွယ်ရေးအင်အားစုများ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းကို လွန်ခဲ့သည့် ၄ရက်မှစ၍ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တစ်ဖွဲ့၏ drone တပ်ရင်းမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF-Zoland က ထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုများတွင်လည်း စစ်ကောင်စီတပ်က သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ရွှေကူမြို့နယ် ကျောက်တလုံးရွာမှ ယနေ့နံနက် ၄နာရီခွဲ၌ ရွောအထက်ဘက်သို့ စစ်ကြောင်းထိုး ထွက်လာစဉ် KIA တပ်ရင်း(၅) တပ်ရင်းမှ ဗိုလ်နေရောင် အဖွဲ့ က ကြိုတင် စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့(သြဂုတ် ၁၀ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရွာမိဿာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရေဦး၊ ဒီပဲယင်းနယ်များရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သတင်း

ယမန်နေ့ညနေ ၃ နာရီခွဲအချိန့်က ပျူစောထီးသင်တန်း ဆင်း ဦးသူရဝင်း(ခ) မျိုးမျိုးဆိုသူကို ရသိမ်ကျေးရွာအနီးလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ဩဂုတ် ၈ရက် နံနက် ၆ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းတွင် တပ်စွဲထားသော အင်အား(၄၀)ပါ စစ်ကောင်စီစစ်ကြောင်းသည် ကိုင်းတောရွာကို ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင် ထိုင်နေသော ရွာသားတစ်ယောက်ကို ဓားစာခံလမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့သည်။