ကဗျာ
ချမ်းငြိမ်း ဒဏ်ရာတွေကို ဆေးကြောဖို့သွေးတွေကို ဖောက်ထုတ်ရင်းညတွင်းကြီးဆီသူတို့ ခုန်ဆင်းသွားကြတယ်။ ရောင်စဉ်တန်းတွေ လှိုက်ကနဲလကို ထိုးခွဲသွားတဲ့ ကျည်ဆန်ရှေ့မှာအသက်တချောင်းကို ဒိုင်းလုပ်အမှောင်ကို ခုန်အုပ်လိုက်တယ်။ တောင်ပံတွေကို ဖြန့်ရင်းမီးထဲတိုးဝင်သွားတဲ့ ပိုးဖလံလိုတစုံတရာ လှပဖို့ကိုယ့်ကိုယ်ကို ပြာချလိုက်ပုံမျိုး။ ဒုန်းစိုင်းနေတဲ့ အဆုပ်နဲ့ခြေရာပေါ်က ငုတ်လျှိုသွားတဲ့တောင်တန်းမှာဝိဉာဉ်ဟာ ဓားတစင်းအဖြစ်ညကို ခုတ်ပိုင်းပစ်လိုက်တယ်။ ခင်ဗျားတို့ မြင်လိုက်ကြလားဝိဉာဉ်ဓားသွားတလက်ရဲ့တလက်လက်ထနေတဲ့ အသွားပေါ်ကပြတ်ကျသွားတဲ့...