Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကယ်ရီသမားအသွင်ယူထားသည့် စစ်ကောင်စီလက်အောက်ခံရဲတစ်ဦးကို ပစ်ခတ်သုတ်သင်

ယနေ့နေ့လယ်ပိုင်းက သာကေတ (၁၀)တောင်ရပ်ကွက်၊ (၁၀၈)တောင်ဘုရားအနီး ဆုထူးပန်ကျောင်းရှေ့တွင် ပစ် ခတ်မှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

သာကေတမြို့နယ်
သာကေတမြို့နယ်

သာကေတမြို့နယ် နယ်မြေရဲစခန်းတစ်ခုမှ ဆိုင်ကယ် ကယ်ရီသမားအသွင်ယူထားသော စစ်ကောင်စီလက် အောက်ခံရဲတပ်ကြပ်တစ်ဦးကို ပစ်ခတ်သုတ်သင်ခဲ့ကြောင်း ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့က ယနေ့ (သြဂုတ် ၁၀)တွင် ထုတ်ပြန်သည်။

ယနေ့နေ့လယ်ပိုင်းက သာကေတ (၁၀)တောင်ရပ်ကွက်၊ (၁၀၈)တောင်ဘုရားအနီး ဆုထူးပန်ကျောင်းရှေ့တွင် ပစ် ခတ်မှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

“သာကေတနယ်မြေရဲစခန်းမှ ဆိုင်ကယ်ကယ်ရီသမားအသွင်ယူထားသော ရဲတပ်ကြပ်အရှည်ကြီးအား ကျွန် တော်တို့ ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့တို့မှပူးပေါင်းပြီး ငရဲပြည်တွင်သွား ရောက် ၍ ဆိုင်ကယ်ကယ်ရီဆွဲနိုင်ရန် ကူညီပေးခဲ့ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပစ်ခတ်ခံရသည့် အသွင်ယူရဲတပ်ကြပ်မှာ သွေးအိုင်ထဲ လဲကျနေပြီး ဖြစ်စဥ်ဖြစ်ပွားပြီး နာရီပိုင်းခန့်အတကြာတွင် စစ်ကောင်စီတပ်များရောက်ရှိလာကာ (၁၀)တောင်အဝိုင်းပတ်အနီးမှ ရှု့ခင်းသာလမ်းဘက်အားပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းဒေသခံများကပြောသည်။

အထက်ပါပစ်ခတ်တိုက်ခိုက်မှုအခြေနေအား ရန်ကုန်မြေအောက်တော်လှန်ရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ လုံခြုံရေးအခြေအနေအရ ပြန်လည်ဖြေကြားပေးရန် အခွင့်မသာသေးဘဲ အခွင့်သာချိန်ရောက်မှသာ အကြောင်း ပြန်ကြားပေးမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။

သတင်း

စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်တစ်လုံးထိမှန်ကာ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဟားခါး CDFက ဖော်ပြသည်။

သတင်း

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။

သတင်း

မူးကမ်းကြီးရွာသည် အိမ်ခြေလေးထောင်ခန့်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ယနေ့နံနက်အခြေအနေအရ ရွာတွင် အိမ်ခြေဆယ်ဂဏန်းခန့်သာ အ​ကောင်းအတိုင်းကျန်ရှိတော့သည်ဟု ဒေသခံများကပြောသည်။