
MC ကယားလေးဟု လူသိများသည် ကိုထွေးသည် စစ်ကောင်စီကို လက်နက်ကိုင်တိုက်ရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF သို့ ဝင်ရောက်ခဲ့သည်။ စစ်တပ်မိသားစုအသိုင်းအဝိုင်းမှ မွေးဖွားကြီးပြင်းခဲ့သူ MC ကယားလေးသည် အခြေခံလူတန်းစားတစ်ဦးအနေဖြင့် ရရာအလုပ်လုပ်ကာ ဝါသနာပါရာ ရက်(ပ်)သီချင်းများ ရေးသား သီဆိုခဲ့သည်။ အာဏာမသိမ်းခင်က လူမှုကွန်ရက်ပေါ်တွင် စနောက်ခံခဲ့ရသော MC ကယားလေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် တောက်လျှောက်ပါဝင်ခဲ့စဉ်၊ အဆိုတော်ယုန်လေး၏တပည့်ဟုဆိုကာ အထင်အမြင်လွဲခံခဲ့ရသည်။ မေးမြန်း၊ တင်ဆက် – ဟန်သစ်



