ဆောင်းပါး
-
ပျူနှင့် ဇိုးတို့ကြား အထိတ်တလန့် မန္တလေးနေ့ရက်များ
မြန်မာဘုရင်များ နောက်ဆုံးစိုးစံခဲ့ရာ မြို့၊ ယဉ်ကျေးမှုမြို့တော် စသည်ဖြင့် အမည်မျိုးစုံ ပညတ်ခေါ်ဝေါ်ကြသည့် မန်းရွှေမြို့သည် စစ်တပ်နှင့် ၎င်းတို့၏ လက်ဝေခံ ပျူများ၊ ဇိုးများ မင်းမူခြယ်လှယ်သည့်ဒဏ်ကို ခါးစည်းခံနေကြရသည်။
-
ကစ္ဆပနဒီမြစ်ဘေးမှ ဖိနပ်လေးတစ်ရံနှင့် သွေးမျက်ရည်များ
လူ ၅၀ နီးပါး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် ကျောက်တော်မြို့ မြစ်ကမ်းဘေး ဗုံးကြဲမှုအတွင်း မိသားစုဝင်များ ဆုံးရှုံးခဲ့ရပြီး ထိုဘေးမှ အသက်မသေဘဲ လွတ်မြောက်လာသူများက ကြောက်စိတ် မပြယ်သေးခင် ၊ သွေးစက်များ မခြောက်သေးခင် စိတ်နှလုံးထိခိုက်ဖွယ်အဖြစ်အပျက်များကို ပြန်ပြောင်း ပြောပြထားသည်။
-
တိုက်ပွဲမရှိသည့်ကျောက်တော်မြို့တွင် လူစည်ကားသည့်ဈေး ဗုံးကြဲခံရခြင်း
ကျောက်တော်မြို့ အိန္ဒိယဈေးကို ဖျက်အားပြင်းဗုံးများ ကြဲချခြင်းသည် ရခိုင်ဒေသအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတစ်ခု ဖြစ်လာပြီး ပြည်သူတို့၏ ဒေါသနှင့် အမုန်းတရားကိုသာ တိုးပွားစေမည် ဖြစ်သည်။
-
အောင်ဘာလေနှင့်လမ်းခွဲပြီးနောက် မြန်မာတို့မျက်စိကျနေသည့် ဘတ် ၆ သန်းချစ်သူ
အိမ်နီးချင်းနိုင်ငံတွင် ရုန်းကန်နေရသော မြန်မာလုပ်သားတို့အတွက် ထိုင်းထီ ဘတ်ခြောက်သန်းဆုသည် စိတ်ကူးယဉ်စရာ ထွက်ပေါက်ကြီးတခုဖြစ်သည်။ တဖက်တွင် စစ်တပ်၏ အောင်ဘာလေထီကို ကျောခိုင်းခဲ့ကြပြီဖြစ်ရာ ထီချစ်သူမြန်မာတို့အတွက် အားကိုးစရာမှာ ထိုင်းထီ ဖြစ်နေပြန်သည်။
-
အမေရိကန်တွေ ပြန်လာပြီတဲ့လား၊ သူတို့ ဘယ်တုန်းကမှ ထွက်မသွားခဲ့ပါ
ဗိုလ်မင်းအောင်လှိုင်က အနောက်နိုင်ငံတွေနဲ့ ဆက်ဆံနိုင်ဖို့ ကြိုးစားနေချိန်၊ စစ်အေးခေတ်ကနေ ဒီနေ့အထိ မြန်မာ့အရေးမှာ အမေရိကန်ရဲ့ မဟာဗျူဟာအကျိုးစီးပွား ဘယ်လို ဆက်ရှိနေခဲ့သလဲ။



