ရုပ်သံသတင်း

လူငယ် ၁၈ဦးရဲ့ ဇီဝိန်ကို နုတ်ယူသွားတဲ့ ဟက်ပီးမစ်ရှင်

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ဆေးသင်တန်းတက်နေသည့် တော်လှန်ရေးရဲဘော် ၁၈ ဦး သေဆုံးခဲ့ရသည်မှာ ယနေ့(အောက်တိုဘာ ၁၁)တွင် တစ်လတိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ ‘ဟက်ပီးမစ်ရှင်’ ဟု အမည်ပေးထားသော ညဘက်လေ့ကျင့်ရေးအစီအစဉ်တစ်ခုတွင် ဝန်ထုပ်ဝန်ပိုးဖြင့် ချောင်းကူး လေ့ကျင့်ခန်းဝင်ကြရသည့် သင်တန်းသားများမှာ တောင်ကျရေကြောင့် ရေနစ်သေဆုံးခဲ့ရသည်၊ သင်တန်းအုပ်ချုပ်သူတို့က လိုအပ်သည့် လေ့လာပြင်ဆင်မှု မရှိခဲ့ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အစီရင်ခံထားသည်။ အောက်တိုဘာ ၁၁ ညဦးပိုင်းက ထိုလေ့ကျင့်ခန်းအတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ဆေးသင်တန်းသားတစ်ဦးကို အခင်းဖြစ်ချိန် အတွေ့အကြုံနှင့်ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – စောရယ်

Show More

Related Articles

Back to top button