မကွေးတိုင်း၊ မြိုင် – ပခုက္ကူလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မြိုင်က ထပ်မံသတိပေးသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြိုင်-ပခုက္ကူလမ်းပေါ်တွင် ကင်းပုန်းများဝပ်နေ၍ ပြည်သူများအား မြိုင်-ပခုက္ကူကားလမ်းကို အသုံးမပြုရန် ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အချို့ကားများမှာ ဖြတ်သန်းသွားလာလျက်ရှိနေ၍ မြိုင်-ပခုက္ကူကားလမ်းအား လုံးဝ(လုံးဝ) အသုံးပြုခြင်းမပြုရန် ထပ်မံသတိပေးလိုက်ကြောင်း မြိုင်(ပကဖ)က ယနေ့(သြဂုတ် ၉ရက်) ထုတ်ပြန်သည်။
![(မြိုင် - ပခုက္ကူလမ်းအား လမ်းပိတ်ထားစဥ်၊ဓာတ်ပုံ-မြိုင် ပ.က.ဖ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/08/298474590_440610081461783_198795388672651166_n.jpg?resize=720%2C540&ssl=1)
ကြေညာချက် မလိုက်နာ၍ ဖြစ်ပေါ်လာသော နောက်ဆက်တွဲများကို တာဝန်ယူမည် မဟုတ်ကြောင်း မြိုင်(ပ.က.ဖ)က ဆိုသည်။ မြိုင်နယ်တွင် စစ်ကောင်စီတပ်၊ ပျူနှင့်ဒေသတွင်း PDFများ တိုက်ပွဲများဖြစ်ပွားနေသည်။
![(မြိုင် - ပခုက္ကူလမ်းအား လမ်းပိတ်ထားစဥ်၊ဓာတ်ပုံ-မြိုင် ပ.က.ဖ)](https://i0.wp.com/www.ludunwayoo.com/wp-content/uploads/2022/08/297691454_440610034795121_8597135591964248911_n.jpg?resize=720%2C540&ssl=1)
သြဂုတ် ၆ရက်ကလည်း မြိုင်မြို့နယ်၊ ပျူစောထီးအားကောင်းရာ တွင်းမကျေးရွာကို ဒေသတွင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သားနှင့်ပျူ ၃၈ဦးသေဆုံးပြီး ပြည်သူ့ရဲဘော် သုံးဦး ကျဆုံးခဲ့သည်။
![](https://i1.wp.com/ludunwayoo.com/wp-content/uploads/2021/08/banner-logo1-50px.png)