Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းကို KIA တိုက်ခိုက် နေဟု ဒေသခံပြော

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖမ်းထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်သကဲ့သို့ ဓားစားခံအဖြစ် ဖမ်းထားသူများ ဆက်ရှိနေကြောင်းလည်း ကချင်ဒေသခံက ပြောသည်။

ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းကို KIA တိုက်ခိုက် နေဟု ဒေသခံပြော
ဖားကန့်မြို့နယ် ဆယ်ဇင်းရဲစခန်းကို KIA တိုက်ခိုက် နေဟု ဒေသခံပြော

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အာမခံအုပ်စု ဆယ်ဇင်းရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့ နေ့လည် ၁နာရီတွင် တိုက်ခိုက်နေကြောင်း ကချင်ဒေသခံတစ်ဦးက သတင်းပေးပို့လာသည်။

မွန်းလွဲ ၂နာရီအချိန်ထိ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး အသေးစိတ် အခြေအနေကို မသိရသေးဟု ၎င်းက ဆိုသည်။

“အခုက KIAက ထိုးစစ်ဆင်နေတာ။ စခန်သိမ်းပုံစံတိုက်နေတာ။ ဒီနေ့ ၁နာရီ ၁၀မိနစ်လောက်က စတယ်။ ”ဟု ကချင်ဒေသခံတစ်ဦးက ပြော သည်။

ယမန်နေ့ (ဩဂုတ် ၈ရက်)နံနက် အစောပိုင်းကလည်း ဆယ်ဇင်းဒေသရှိ စစ်ကောင်စီတပ်စခန်း တစ်ခုနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းတို့ကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖမ်းထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်သကဲ့သို့ ဓားစားခံအဖြစ် ဖမ်းထားသူများ ဆက်ရှိနေကြောင်းလည်း ကချင်ဒေသခံက ပြောသည်။

“ဓားစားခံလုပ်တာ။သူတို့ ဖမ်းထားတဲ့ သူတချို့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ ရှိသေးတယ်။ အဲဒါက မရသေးဘူး။ ဆုတ်တဲ့အချိန် ရွာကနေ ခေါ်ပြီး ဓားစားခံလုပ်ထားတာပါ”ဟု ကချင် ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

ဒီလိုစစ်ကောင်စီက လေယာဉ်နဲ့ အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက်မှုလုံးဝမရှိဘးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

အဆိုပါဒေသတွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။