Hi, what are you looking for?
မြန်မာနိုင်ငံသည် လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ကို ကျူးလွန်ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ဖေ့စ်ဘွတ်ခ်နှင့် တစ်တော့ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် အမုန်းစကားများနှင့် ခြိမ်းခြောက်မှုများ တစ်ကျော့ပြန် များပြားလာသည်ကို တွေ့ရသည်။
မြန်မာ့ လူ့အဖွဲ့အစည်းရဲ့ ကျောမှာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေတာပါ။ ကြိမ်ရာရော ကျည်ရာရော ကျိန်စာရော အပြင် လတ်တလောမှာ အိုင်စီဂျေ တရားရုံး အဆုံးအဖြတ်နဲ့ပါ ပြည့်နှက်နေတာမျိုးပေါ့။ အမာရွတ်တွေ ဗလပွနဲ့အတူ သွေးစိမ်းရှင်ရှင် ထွက်နေဆဲ အနာတရတွေကလည်း တစ်ကိုယ်လုံး အနှံ့ များမှများပါပဲ။ ဒီအနေအထားမှာ အသက်မသေပေမဲ့...
ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။