Hi, what are you looking for?
ဘုန်းကြီးအားကိုးနဲ့ လူမိုက်တွေစီးပွားဖြစ်သွားတဲ့ ဧရာဝတီရေဘေး ရွှေပြည်စိုး/People's Spring နာမည်ကြီးပရဟိတအမည်ခံလူမိုက်တွေဟာ ဧရာဝတီတိုင်းအတွင်းက ရေဘေးသင့် မြို့ နယ်တွေမှာ စစ်တပ်သတင်းပေးတွေနဲ့ပေါင်းပြီး စီးပွားရှာသွားခဲ့ကြသလို ဒေသတွင်းက ဘုန်းကြီးတစ်ပါးရဲ့အားကိုးနဲ့ တလွဲဂုဏ်သတင်းကြီးနေပါတယ်။ လူမိုက်အဖွဲ့အချို့အပါအဝင် ဧရာဝတီရေ ဘေးကို လာရောက်ကူညီတဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ပရဟိတသမားတွေကို ဒေသတွင်း နွားဦးတိုက်ဆရာတော်လို့ လူသိများတဲ့...
ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။
တစ်ခါတုန်းက ကမ္ဘာတစ်ဝန်းကို စိတ်နှလုံးကြေကွဲစေခဲ့တဲ့ ဓာတ်ပုံတစ်ပုံရှိခဲ့ပါတယ်။ ကလေးမလေးတစ်ယောက်။ လက်နှစ်ဖက်ကို မြှောက်ထားတယ်။မျက်နှာမှာ အပြုံးမရှိဘူး။ သူမရှေ့မှာ စစ်သားတစ်ယောက်လည်း မရှိပါဘူး။ ရှိတာက ကင်မရာတစ်လုံးပါပဲ။ ဒါပေမယ့် သူမက အဲဒီကင်မရာကို သေနတ်လို့ထင်ခဲ့တယ်။ ဆီးရီးယားကလေးမလေး ဟူဒီယာ (Hudea)ရဲ့ဒီဓာတ်ပုံဟာ၂၀၁၄ ခုနှစ်က အတ်မဲ (Atmeh) ဒုက္ခသည်စခန်းမှာ...
မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့...