Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

” (လက်ယက်ကုန်းမှာက​လေး​တွေကိုစစ်တပ်ကပစ်ခတ်သတ်ဖြတ်ပြီး​တော့) မျက်နှာအနေအထားတွေကတော့ ဒီအတိုင်းပဲ။ မာထန်နေတာပဲ။ တချို့တွေများဆို ဖုန်းထဲကTiktok တွေကြည့်ပြီး ဒူးနန့်တဲ့သူနဲ့”

အဲဒီအကြမ်းဖက်သတ်ဖြတ်မှုကို ကြုံတွေ့ခဲ့ရတဲ့ ကလေးတွေနဲ့ ရွာသူရွာသားတွေရဲ့နောက်ဆုံးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ၊ပြီးတော့ သူတို့ရင်ထဲက ပြောချင်တာတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဆရာမတစ်ဦးကို People’s Spring ကမေးမြန်းတင်ဆက်လိုက်ပါတယ်။

(ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့်ပျက်စီးမှုများ၊ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့်ပျက်စီးမှုများ၊ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

▪︎လက်ယက်ကုန်း​ကျောင်းအကြမ်းဖက်မှုကိုယ်တိုင်ကြုံခဲ့ရတဲ့ဆရာမတစ်​ယောက်နဲ့​မေးမြန်းခန်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းက​နေပစ်ခတ် တိုက်ခိုက်အကြမ်းဖက်တာကြောင့် ကလေးငယ်ခုနစ်ဦး အပါအဝင် စုစုပေါင်းပြည်သူ ၁၃ ဦး​သေဆုံးခဲ့ပါတယ်။ ဒါအပြင် ဒဏ်ရာရ ကျောင်းသားငယ် ၇ ဦးအပါအဝင်ဆရာ၊ဆရာမ နဲ့ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားပူတယ်။ဖမ်းဆီး​ခေါ်​ဆောင်သွားတဲ့အထဲက ဘယ်နှစ်ဦးထပ်မံ​သေဆုံးတယ်ဆိုတာမသိရ​သေးသလို ၊ယ​နေ့အထိ့ ၁ ဦးသာပြန်လွှတ်ပေး​သေးပြီးကျန် ၂၀ ​ကျော်ကိုပြန်မလွှတ်​​ပေးသေးပါဘူး။ အဲဒီအကြမ်းဖက်သတ်ဖြတ်မှုကို ကြုံတွေ့ခဲ့ရတဲ့ ကလေးတွေနဲ့ ရွာသူရွာသားတွေရဲ့နောက်ဆုံးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ၊ပြီးတော့ သူတို့ရင်ထဲက ပြောချင်တာတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဆရာမတစ်ဦးကို People’s Spring ကမေးမြန်းတင်ဆက်လိုက်ပါတယ်။ဆရာမရဲ့ လုံခြုံ​ရေး​ကြောင့် အမည်နဲ့ ဓါပုံကို​ဖော်ပြခြင်းမပြုတာဖြစ်ပါတယ်။

(ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့်ပျက်စီးမှုများ၊ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့်ပျက်စီးမှုများ၊ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

PS-စစ်ကောင်စီတပ်တွေက လေကြောင်းကနေလက်ယက်ကုန်း​ကျောင်းကို ပစ်ခတ်ပြီးတော့ဝင်လာတဲ့အချိန်မှာ သူတို့ပစ်လိုက်တာဟာ ကလေးတွေကိုထိသွားတယ်ဆိုတာ သူတို့သိလိုက်တဲ့အချိန်မှာ သူတို့တွေ ဘယ်လိုဖြစ်သွားကြလဲ။ မျက်နှာအနေအထားတွေကကော ဘယ်လိုရှိလဲ။

ဆရာမ-မျက်နှာအနေအထားတွေကတော့ ဒီအတိုင်းပဲ။ မာထန်နေတာပဲ။ တချို့တွေများဆို ဖုန်းထဲကTiktok တွေကြည့်ပြီး ဒူးနန့်တဲ့သူနဲ့။ တချို့ကတော့ မျက်နှာမကောင်းကြဘူးပေါ့။ တချို့ကတော့ ဘာမှမဖြစ်သလိုပဲ။ ပျော်ပွဲစားထွက်လာတဲ့အတိုင်းပဲ။

(ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့်ပျက်စီးမှုများ၊ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့်ပျက်စီးမှုများ၊ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

PS-ကလေးအလောင်းတွေ မြင်လိုက်ရတဲ့အခါ စိတ်မကောင်းဖြစ်သွားတာမျိုးတွေ၊ အံ့သြသွားတာမျိုးတွေ ဖြစ်တာမတွေ့ဘူးလားဆရာမ။

ဆရာမ-မဖြစ်တဲ့သူက များတယ်။သူတို့ကိုမော့ကြည့်ရင်တောင် ရန်သူလိုဆက်ဆံနေတာတွေလေ။ မဖြစ်တဲ့သူက များပါတယ်။ သူတို့ဗျာ ကလေးတွေ ပြေးနေတာ လေယာဥ်ပေါ်က မြင်ပါတယ်ဗျာ။ သူတို့မှာလည်းဒရုန်းတွေရှိပါတယ်။ ထောက်လှမ်းရမှာပေါ့။ သတင်းပေးတဲ့သူကပေးတယ်။ ရွာတစ်ရွာလို့သိလိုက်တာနဲ့ ပြည်သူရှိတယ်ဆိုတာသိရမယ်လေ။ သူတို့ထောက်လှမ်းရမယ်လေ။သတင်းပေးတဲ့သူကတော့ မျက်နှာလိုအားရ ပြောမှာပဲ။ ဒီသတင်း ဟုတ်၏ မဟုတ်၏ မှန်၏ မမှန်၏ သူတို့အရင်လေ့လာဦးလေ။ အခုဟာက ဦးနှောက်မရှိတဲ့သူက သတင်းပေးတာကို ဦးနှောက်မရှိတဲ့သူတွေက ထလုပ်တယ်လို့ပဲ ကျွန်မကတော့ ကောက်ချက်ချတယ်။

PS-ဒဏ်ရာရပြီး ပါသွားတဲ့ကလေးတွေနဲ့ ရွာကမိဘတွေကော အဆက်အသွယ် ရပြီလားဆရာမ။

ဆရာမ-ဖုန်းပေးတော့ ပြောတယ်။ ဘယ်လိုနည်းနဲ့ ဖုန်းပေးပြောတယ်တော့မသိဘူး။ သူတို့လက်ထဲဆိုတော့ သိတဲ့အတိုင်းပဲ။ နောက်ကနေ သေနတ်ထောက်ပြီးတော့ ကောင်းပါတယ် သက်သာသာပါတယ် ကောင်းကောင်းမွန်မွန်ထားပါတယ် ပြောခိုင်းရင်လည်း ကလေးတွေက ပြောကြရမှာပဲလေ။ သူတို့လက်ထဲရှိနေတော့။ ကျွန်မတို့ကြားတာကတော့ နေထိုင်ကောင်းတယ် အစစအရာရာအဆင်ပြေတယ် ဂရုစိုက်တယ်ပြောတာပါပဲ။

စစ်​ကောင်စီတပ် ရဟတ်ယာဥ်​ရော ၊ကြည်းတပ်ကပါဝိုင်းဝန်း ပစ်ခတ်ခဲ့ပြီး​နောက်​တွေ့ရ​​သော စာသင်​ဆောင်။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ် ရဟတ်ယာဥ်​ရော ၊ကြည်းတပ်ကပါဝိုင်းဝန်း ပစ်ခတ်ခဲ့ပြီး​နောက်​တွေ့ရ​​သော စာသင်​ဆောင်။ဓါတ်ပုံ-CJ

PS-မိဘတွေကကော ကလေးတွေဆီ လိုက်သွားတာရှိလား။

ဆရာမ-ဆုံးတုန်းကသာ လိုက်သွားတာ။ ၁၄ နှစ် ကလေးလေးရဲ့အဖေလိုက်သွားတာ မရခဲ့ပါဘူး။ နောက်တော့ ဘယ်သူမှမလိုက်ကြတော့ပါဘူး။ အလောင်းမှမပေးတဲ့ကိစ္စ ပြာအိုးဆိုတာကလည်း ဘယ်သူ့ပြာကြီးထည့်ပေးလိုက်တာမှန်းမှမသိတော့ ဘယ်သူကမှမလိုချင်ကြတော့ဘူး။

PS-သေဆုံးသွားတဲ့ ကလေးမိဘတွေကကော ရွာမှာ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်ကျန်ရစ်ခဲ့လဲ။

ဆရာမ-သူတို့ကတော့ ဆောက်တည်ရာမရပေါ့ဗျာ။ အမြဲတမ်း သူတို့သားသမီးလေးတွေ လုပ်တတ်ကိုင်တတ်တဲ့ စားတဲ့သောက်တဲ့အချိန်ရောက်ရင် ပူဆွေးသောက ရောက်နေကြတာပေါ့။ ကိုယ့်သားသမီးတွေဆိုတာ ကိုယ့်ရဲ့မျှော်လင့်ချက်လေးတွေပဲလေ။ အဲဒီလိုလက်နက်ကြီးမပြောနဲ့ပုရွက်ဆိတ်လေး​ကိုက်တာတောင် မခံချင်ဘူးလေ။ ယင်နား​တာတောင် မခံချင်ဘူး။

PS-ဆရာမတို့ရွာမှာ ဒီအဖြစ်ဆိုးကြီး ကြုံလိုက်ရတော့ ရွာသူရွာသားတွေ၊ သေဆုံးထိခိုက်သူတွေရဲ့ မိသားစုဝင်တွေဆိုရင်လေအခုဘယ်လိုများ နေနေကြလဲ။ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လိုများ ဖြစ်နေကြလဲ။

ဆရာမ-ရွာကြီးကတော့ ခုချိန်အထိ ခြောက်ကပ်နေတုန်းပဲ။ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင်လည်း အရင်တုန်းကလို ခေါ်ခေါ်ပြောပြောကို မနူတ်ဆက်နိုင်ကြတော့ဘူး။ မေးလေ့ငေါ့နူတ်ဆက်ရုံလောက် အရယ်အပြုံးနည်းသွားတော့တာပေါ့။ ရွာထဲလည်း ခြောက်ကပ်လို့။ ညနေတိုင်ရောက်ရင်တော့ ပိုကြီးတော့ ကြောက်နေကြရတယ်။ ဒီပဲယင်းဘက်နဲ့ ရေဦးဘက်က လက်နက်ကြီးနဲ့ရမ်းသမ်းထုနေတော့ လက်နက်ကြီးကျမှာတွေ ကြောက်နေကြရတယ်။

စစ်​ကောင်စီတပ် ရဟတ်ယာဥ်​ရော ၊ကြည်းတပ်ကပါဝိုင်းဝန်း ပစ်ခတ်ခဲ့ပြီး​နောက်​တွေ့ရ​​သော စာသင်​ဆောင်။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ် ရဟတ်ယာဥ်​ရော ၊ကြည်းတပ်ကပါဝိုင်းဝန်း ပစ်ခတ်ခဲ့ပြီး​နောက်​တွေ့ရ​​သော စာသင်​ဆောင်။ဓါတ်ပုံ-CJ

PS-ဆရာမလည်း ဒီဖြစ်ရပ်ဆိုးကြီးကို ကိုယ်တွေ့ကြုံ ခံစားခဲ့ရတော့ စိတ်ပိုင်းဆိုင်ရာမှာ ဘယ်လိုတွေဖြစ်နေလဲ။

ဆရာမ-ညတွေအိပ်မပျော်ဘူး။ ဆရာဝန်နဲ့ပြတော့ဆေးတိုက်တယ်။ နှစ်ညသုံးည လန့်လန့်ပြီးအော်တယ်။ အိပ်မက်ဆိုးတွေမက်တော့ လန့်လန့်အော်တယ်။ မသိတဲ့စိတ်ကကြောက်တာ။ သိတဲ့စိတ်ကတော့ ဒီပြဿနာတွေဖြစ်လာမှတော့ ရင်ဆိုင်ဖြေရှင်းရမှာပဲဆိုတဲ့စိတ်ရှိတယ်။ ဒါပေမယ့်ညတိုင်ကျရင် လန့်လန့်ပြီး ထထအော်တယ် ကျွန်မ။

PS-အဲဒီနေ့က အသက်မသေဘဲ လွတ်လာခဲ့ကြတဲ့ ကလေးတွေ စိတ်အနေအထား ဘယ်လိုတွေဖြစ်နေကြလဲ။

ဆရာမ-အဆိုးထဲကအကောင်းလို့ ပြောရမှာက KGကလေးလေးတွေအဆောင်မမှန်တာ တော်သေးတယ်။ ကြားတော့ကြားလိုက်ရတာပေါ့။ တချို့ကလေးတွေကတော့ ဗိုက်ပေါက်သွားတာတွေမြင်လိုက်ရတဲ့ကလေးတွေကျ ညတိုင်ဆိုရင် မအိပ်ရဲတဲ့ ကလေးတွေ ရှိသေးတယ်။ မိဘတွေ တော်တော်ဂရုစိုက်နေရတယ်။ သေဆုံးသွားတဲ့ကလေးမိဘတွေကတော့ အခုချိန်ထိငိုတုန်းပဲ။

PS-ဒီဖြစ်ရပ်ကြီးမှာ ဆရာမအပါအဝင် ကြုံတွေ့လိုက်ရတဲ့သူတွေကိုမေးချင်တာက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စစ်​ကောင်စီကို နိုင်ငံတကာမှာတရားစွဲဆိုမှုတွေ လုပ်လာပြီဆိုရင် ဆရာမတို့အနေနဲ့ သက်သေထွက်ပေးဖို့ ဆန္ဒရှိလား ဆရာမ။

ဆရာမ-ရှိတာပေါ့ ဘာလို့မရှိရမှာလဲ။ ကျွန်မတို့ သက်သက်မဲ့ကြီးခံလိုက်ရတာလေ။ ကျွန်မတို့ကလေးတွေက သူတို့ကို ဘာလုပ်တာမို့လို့လဲ။ ကျွန်မတို့ကလေးတွေမှာ ခဲတံလေးတွေပဲ ရှိတယ်လေ။ သူတို့ကို လူစိတ်ရှိရှိလေးနဲ့ ကိစ္စတစ်ခုကို လုပ်တော့မယ်ဆိုရင် စဥ်းစားတွေးခေါ်ပြီးမှ လုပ်ကြပါလို့ ပြောချင််တယ်။ သူတို့မှာလည်း မိသားစုတွေ ရ်ှိတယ်လေ။ ကျွန်မတို့မှာလည်း မိသားစုတွေရှိတယ်လေ။ သူတို့လည်းအသက်တွေနဲ့ ကျွန်မတို့လည်း အသက်တွေနဲ့။ သူတို့လည်းသေမှာကြောက်တယ် ကျွန်မတို့လည်း သေမှာမကြောက်ရတော့ဘူးတဲ့လား။ ကျွန်မတို့ကလေးတွေမှာလည်း အသက်တွေနဲ့လေ။ သူတို့သားသမီးတွေကျ နိုင်ငံတကာကို ကျောင်းထားရတာနဲ့။ ကျွန်မတို့ကလေးတွေကျ ပုန်းဝှက်ပြီး သူတို့အသက်တွေစတေးပြီး စာသင်နေကြရတယ်။ စာသင်တယ်ဆိုတာကလည်းတတ်ရုံပဲနော်။ သူတို့ကိုဘယ်သူကမှ အတန်းတင်ပေးမယ်လို့ အာမခံချက်မရှိဘူး။

PS-နိုင်ငံတကာက ပြည်သူတွေ၊ တာဝန်ရှိတဲ့သူတွေကိုကော ဆရာမဘာများပြောချင်လဲ။ ဘာအကူအညီများတောင်းချင်လဲ။

ဆရာမ-ကျွန်မတို့မြန်မာနိုင်ငံကို မေ့မထားပါနဲ့လို့။ ဒီစစ်အာဏာရှင်ကြီးကို ​မြန်မြန်ချုပ်ငြိမ်းချင်လှပါပြီ။ ကျွန်မတို့နိုင်ငံ တကယ်လိုအပ်နေတာက ရုပ်ဝတ္ထုတွေလာပြီး ပံ့ပိုးမှာထက် သူတို့စစ်ကြောင်းထိုးပြီဆို အဲဒါတွေပစ်ပြီး ပြေးကြရတာပဲ။ လက်ယက်ကုန်းအပါအဝင် မြန်မာနိုင်ငံမှာလိုအပ်နေတာက စစ်အာဏာရှင် ချုပ်ငြိမ်းဖို့၊ စစ်အာဏာရှင် မြန်မာ့မြေပေါ်ကကော ကမ္ဘာ့မြေပေါ်ကကော ပျောက်သွားဖို့ စစ်မှန်တဲ့ဒီမိုကရေစီရရှိဖို့ လူ့အခွင့်အရေး အပြည့်အဝရရှိဖို့ ဒီကလေးတွေ ကလေးသူငယ်စောင့်ရှောက်မှု အပြည့်အဝရရှိဖို့၊ ကျွန်မလိုချင်တာက ဒီကလေးတွေ သူများနိုင်ငံက ကလေးတွေနဲ့တန်းတူ စာသင်ခွင့်ရချင်တယ်ဗျာ။ သူများနိုင်ငံက ကလေးတွေ စာသင်နေတာကြည့်ပြီး အားလ​ည်းအားကျတယ်။ ကျွန်မတခါတလေ စိတ်ထဲအောက်မေ့မိတယ်။ ငါမြန်မာနိုင်ငံမှာ လူဖြစ်ရတာ တော်တော်ကံဆိုးပါလားလို့ တွေးမိတယ်။ စစ်အာဏာရှင်တစ်စုကိုလည်း မေးချင်တယ်။ သူတို့က မ​သေကြတော့ဘူးတဲ့လား။ သူတို့သေသွားတော့ကော ဒီမြန်မာနိုင်ငံကြီးကို ယူသွားလို့ရမှာတဲ့လား။ သူတို့မသေကြတော့ဘူးတဲ့လား​ဗျာ။

PS-ဒီဖြစ်ရပ်အပေါ်မှာ ဆရာမ ပြည်သူတွေကို ဘာအမှာစကားပါးချင်သေးလဲ။

ဆရာမ-ဒီစစ်အာဏာရှင်ကြီး အမြန်ဆုံးချုပ်ငြိမ်းအောင် ဆောင်ရွက်ကြပါပေါ့။ ပြီးတော့ လှူနိုင်တဲ့သူတွေလည်း လှူကြပါ။ တော်လှန်ရေးအတွက်ပေါ့။ နိုင်ငံတကာကကော မြန်မာနိုင်ငံက ပြည်သူပြည်သားတွေကော ပြောချင်ပါတယ်။

PS-ဆရာမ ဖြည့်စွက်ပြောချင်တာများ ရှိသေးလား။

ဆရာမ-ကျွန်မ နိုင်ငံတကာကိုပြောချင်တယ်။ NUG အစိုးရကို တကယ်တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလိုက်ပါ။ အဲဒါဆိုရင် ကျွန်မတို့နိုင်ငံက စစ်အာဏာရှင် မြန်မြန်ချုပ်ငြိမ်းမယ်။ လို့ယူဆတယ်။ နောက်ပြီး ဦးကျော်မိုးထွန်းကိုလည်း ကျွန်မတို့ရဲ့သံအမတ်ကြီးအဖြစ် အသိအမှတ်ပြုပေးပါလို့ တောင်းဆိုပါတယ်။ ကျွန်မတို့ပြည်သူတွေကလည်း NUGကို အစိုးရအဖြစ် လက်ခံပါတယ်။ ရဲရဲကြီးသာ အသိအမှတ်ပြုပေးကြပါလို့။ ပြည်သူတွေက NUGကို အစိုးရအဖြစ်အသိအမှတ်ပြုတယ်ဆိုတာကိုပြောရတာ အာတွေပေါက်ပြီး မောလှပါပြီ။

PS-ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like