Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NUG၊ NUCCတို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား တွေ့ရစဉ်၊ ဓာတ်ပုံ . Saifuddin Abdullah/FB
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား တွေ့ရစဉ်၊ ဓာတ်ပုံ . Saifuddin Abdullah/FB

အာဆီယံအနေဖြင့် စစ်ကောင်စီ၏ ပြိုင်ဘက်များဖြစ်သည့် NUG၊ NUCC တို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန်လိုအပ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောသည်။

မလေးရှားသည် တုန့်နှေးနေသည့်မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရှင်းလင်းပြတ်သားသည့်အဆုံးသတ်အဖြေကို လိုလားနေပြီး အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ပြည်သူလူထုထောက်ခံမှုရရှိထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့နှင့် တိုက်ရိုက်ဆွေးနွေးမှုများလုပ်ဆောင်ရန် နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းခြင်းဖြစ်သည်။

“အခုဟာက တဖက်သတ်ပဲ။ ကျွန်တော်တို့ဟာ စစ်ကောင်စီနဲ့ပဲဆွေးနွေးညှိနှိုင်းနေတယ်။ ဒါကြောင့် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ NUG ၊ NUCC တို့နဲ့ဆွေးနွေးထိတွေ့ဖို့ မလေးရှားက ကြိမ်ဖန်များစွာအဆိုပြုနေတာဖြစ်ပါတယ်။ အဲဒါမှ မြန်မာပြည်သူတွေအတွက် တိုးတက် မှုတွေကို လူသိရှင်ကြားလုပ်ဆောင်နိုင်မှာပါ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။

အာဆီယံနိုင်ငံများအနက် မလေးရှားတစ်နိုင်ငံသာ NUG နှင့် လူသိရှင်ကြားထိတွေ့ဆက်ဆံပြီး စစ်တပ်၏ အကြမ်းဖက်မှုများ၊ ကတိမတည်မှုများကို တက်ကြွစွာပြောဆိုနေသည်။ NUG ကမူ တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိသည့်တိုင် မလေးရှားသာမက အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့်လည်း ထိတွေ့ဆက်ဆံမှုရှိသည်ဟု ပြောကြားထားသည်။

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ကိုးကား – channelnewsasia ၊ Bernama

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဲဒီလိုဖမ်းဆီးမှုအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၇၅ ဦးဖမ်းမိတယ်လို့မလေးရှားလဝက ထုတ်ပြန်ပါတယ်။

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝ အာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲတည်ဆောက်နိုင်ပါစေဟု ဖော်ပြခဲ့သည်။

သတင်း

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်စစ်အုပ်စု၏ အာဆီယံဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် ‘ကတိကဝတ်မရှိခြင်း’အပေါ် အလွန်စိတ်ပျက်မိကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။