Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်တော်လှန်ရေးနေ့သို့ CRPH သဝဏ်လွှာပေးပို့

CRPH သည် မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသားတို့၏ဆန္ဒဖြစ်သည့် စစ်မှန်သောငြိမ်းချမ်းရေးကိုရယူပြီး လွတ်လပ်၍သာတူညီမျှသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသားညီနောင်များ နှင့်အတူတကွ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုသည်။

CRPH က မွန်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့
CRPH က မွန်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့

▪️တန်းတူအခွင့်အရေး အာမခံချက်ပြည့်ဝသည့် ပြည်ထောင်စုကြီးကိုကြိုးပမ်းတည်ဆောက်သွားရန် လက်တွဲကြိုးပမ်းသွားမည်ဟု ကတိပြု

ပြည်ထောင်စုတိုင်းရင်းသားအားလုံးအတွက် တန်းတူအခွင့်အရေး အာမခံချက်ပြည့်ဝသည့် ပြည်ထောင်စုကြီးကိုကြိုးပမ်းတည်ဆောက်သွားရန် လက်တွဲကြိုးပမ်းသွားမည်ဟု CRPH က မွန်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့သည်။

ယနေ့ကျရောက်သော (၇၅)နှစ်မြောက် မွန်တော်လှန်ရေးနေ့အခါသမယတွင် မွန်တိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ၍ ကပ်ကြီး ၃ ပါးကျော်လွှားနိုင်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ဆုမွန်ကောင်းတောင်းသည်။

CRPH က မွန်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့
CRPH က မွန်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့

၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မွန်တိုင်းရင်းသားတို့သည် မိမိတို့ဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်၊ တန်းတူအခွင့်အရေး၊ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကိုအာမခံသည့် ခိုင်မာသော ဖက်ဒရယ်နိုင်ငံတော်သစ် ပေါ်ပေါက်လာရေးအတွက် နိုင်ပန်းသာ၊ နိုင်မောင်သိန်းဦးဆောင်သော မွန်မျိုးချစ်လူငယ် ၂၇ ဦးက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာမှ စတင်တော်လှန်ခဲ့သည့်နေ့ကို ဂုဏ်ပြုကျင်းခဲ့ကြသည်မှာ (၇၅)နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ယခုနွေဦးတော်လှန်ရေးတွင်လည်း အကြမ်းဖက်စစ်အာဏာရှင်တို့က ပြည်သူလူထုအားတရားဥပဒေမဲ့သတ်ဖြတ်ကာ အာဏာလုယူနိုင်ရေးကြိုးပမ်းမှုအား ညီနောင်ပြည်ထောင်စုတိုင်းရင်းသားများနှင့် မွန်တိုင်းရင်းသားများကလည်း ရဲဝင့်စွာလက်တွဲ ကြိုးပမ်းဆောင်ရွက်နေကြသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိကြောင်း CRPH က ဖော်ပြသည်။

လက်ရှိတော်လှန်ရေး အောင်မြင်ရေး၊ ကြားကာလတည်ဆောက်ရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက် ရေးတို့တွင် မိမိတို့တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုအားလုံးက မတူကွဲပြားသည့်သဘောထား အမြင်များကိုပေါင်းစည်းကာ သာလွန်အင်အားအဖြစ် ပေါင်းစည်းဆောင်ရွက်သွားကြရန် အထူး အရေးကြီးကြောင်း ဆက်လက်ဖော်ပြသည်။

CRPH သည် မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသားတို့၏ဆန္ဒဖြစ်သည့် စစ်မှန်သောငြိမ်းချမ်းရေးကိုရယူပြီး လွတ်လပ်၍သာတူညီမျှသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသားညီနောင်များ နှင့်အတူတကွ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကချင်တော်လှန်ရေးခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ် ခြင်းခံရခြင်းသည် ကချင်ပြည်သူလူထု အတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့သလို မြန်မာပြည်ဖယ်ဒရယ် ဒီမိုကရေစီတည်ဆောက်ရး လမ်းခရီး အတွက်လည်း များစွာထိခိုက်နစ်နာခဲ့ရကြောင်း NLD ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝ အာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲတည်ဆောက်နိုင်ပါစေဟု ဖော်ပြခဲ့သည်။

သတင်း

အစည်းအဝေးသို့ CRPH ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ KPICT မှ တာဝန်ရှိပုဂ္ဂိုလ်များရုံးအဖွဲ့များ တက်ရောက်ခဲ့သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကိုင်စွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ အဓမ္မအာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံတကာက ရှုမြင်ထားသည်။