Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ် ကျကျန်ခဲ့သည့် ပြည်သူ့လက်ဝတ်ရတနာ ပြည်သူ့ထံ ပြန်အပ်မည်

အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးပင်ဝိုင်းကျေးရွာတွင် တပ်စွဲခဲ့‌ပြီး‌နောက် ယမန်နေ့(သြဂုတ်လ၁၀ရက်) နံနက်က လေကြောင်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ဓါတ်ပုံ-အရာတော် ပ.က.ဖ
ဓါတ်ပုံ-အရာတော် ပ.က.ဖ

အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုးစဥ် ပြည်သူ့ထံမှ သိမ်းဆည်းသွားပြီးနောက် ကျကျန်ခဲ့သည့် လက်ဝတ်ရတနာပစ္စည်းအား ပြည်သူ့ထံ ပြန်လည် အပ်နှံမည်ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးကြေညာသည်။

အရာတော်မြို့နယ်၊ မင်းရွာကြီးကျေးရွာကို မီးရှို့ခဲ့သော အကြမ်းဖက်စစ်သားများသည် ဇီးပင်ဝိုင်းကျေးရွာတွင် တပ်စွဲခဲ့‌ပြီး‌နောက် ယမန်နေ့(သြဂုတ်လ၁၀ရက်) နံနက်က လေကြောင်းဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

၎င်းတို့ ဆုတ်ခွာသွားသည့်လမ်းအား အရာတော်မြို့နယ်တော်လှန်ရေးတပ်‌ပေါင်းစု ရဲဘော်များက နယ်မြေရှင်းလင်းလုံခြုံရေးလုပ်စဥ် လက်ဝတ်ရတနာပစ္စည်းတစ်ခုကို တွေ့ရှိ၍ အခြား တွေ့ရှိသော ပစ္စည်းများနှင့်အတူ မှတ်တမ်းတင်သိမ်းဆည်းထားကြောင်း အရာတော် ပ.က.ဖ အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်သားများ ခိုးယူလာခဲ့သော ၎င်း လက်ဝတ်ရတနာပစ္စည်းအား ပြည်သူ့ထံ ပြန်လည်အပ်နှံလို၍ ပိုင်ဆိုင်ခဲ့သော အထောက်အထားပြနိုင်ပါက အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ Facebook စာမျက်နှာနှင့် အရာတော် ဒေသခံတော်လှန်ရေး အဖွဲ့အစည်းများသို့ ဆက်သွယ်ပေးပါရန် အရာတော် ပ.က.ဖ အဖွဲ့က အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ကအထိ အရာတော်နှင့်ဒီပဲယင်းနယ်စပ်ကျေးရွာများကို စစ်ကြောင်းထိုးအကြမ်းဖက်မှုများ ပြုလုပ်သွားခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နားကပ်နှင့်နားဆွဲ စုစုပေါင်း(၈)စုံ၊လက်စွပ်(၄) ကွင်း ၊ ကလစ်(၄)ခုနှင့် ကျပ်စုစုပေါင်း ၁,၂၃၀,၀၀၀ကျပ်( တစ်ဆယ့်နှစ်သိန်းသုံးသောင်းကျပ်တိတိ)ကို ကူညီ ထောက်ပံ့ခဲ့ကြကြောင်း မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ BEGSC က ဖော်ပြခဲ့သည်။

သတင်း

ထိုကဲ့သို့ လှူဒါန်းမှုဖြင့်ပတ်သက်ပြီး မိမိတို့ ပိုင်ဆိုင်သည့် နားကပ်နှင့် လက်စွပ်များပါ ချွတ်ပြီး ထောက်ပံ့ကြသည့် အညာသူ၊ အညာသားများ၏ တော်လှန်ရေးစိတ်ဓာတ်ကို လေးစားမိကြောင်း ပြည်သူတစ်ဦးက လူမှုကွန်ရက် ၌ မှတ်ချက်ပြုရေးသားခဲ့သည်။

သတင်း

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။

သတင်း

စီမံကိန်းဝန်းကျင် ပြည်သူများ၏ ဒုက္ခများကို လျစ်လျူရှုပြီး အကြမ်းဖက်စစ်ကောင်စီအား အထောက်အပံ့ပြုနေ၍ ပြည်သူများစိတ်မကောင်းဖြစ်ရကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် စီမံကိန်းဝန်းကျင်ဒေသပြည်သူများ၏ ဒုက္ခများအား ထည့်သွင်းရေးသားထားခြင်းမရှိကြောင်း ဖော်ပြထားသည်။