Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

◾️ အမေရိကန်တစ်ဒေါ်လာ ကျပ် ၂၇၀၀ ကျော် ၊ ရွှေတစ်ကျပ်သား ကျပ်၂၅ သိန်းကျော်နဲ့ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀၀၀ ကျော်ထိဖြစ်လာ

စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို သတ်မှတ်ဈေး ၂၁၀၀ ကျပ်ထက် ၆ ကျပ်သာ ခွာရောင်းရမယ်လို့ ကြေညာပြီး နောက်တစ်ရက်မှာ ဒေါ်လာဈေး ၊စက်သုံးဆီဈေးနဲ့ ရွှေဈေးတွေ တပြိုင်တည်းတက်လာပါတယ်။

ဒေါ်လာဈေးဟာမနေ့က ပြင်ပဈေးကွက်ပေါက်ဈေးမှာ တစ်ဒေါ်လာကို ၂၆၀၀ ကျပ် ရှိရာကနေ ဒီနေ့မနက်ပိုင်းဈေးဖွင့်ချိန် ၂,၇၂၀ ကျပ် ဝန်းကျင်အထိဖြစ်လာတယ်လို့ ဈေးကွက်ထဲကနေစုံစမ်းသိရပါတယ်။ ဈေးကွက်ဟာ ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ရွှေဈေးဟာလည်း စံချိန်တင်အနေနဲ့အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၅၀၅,၀၀၀ ထိ ဒီနေ့နေ့လယ်ပိုင်းမှာဖြစ်သွားပါတယ်။

အလားတူပါပဲ စက်သုံးဆီဈေးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကျပ် ၂၀၀၀ အောက်ကို ရောက်ခဲ့ပေမယ့် ဒီရက်ပိုင်းမှာ ကျပ် ၂၀၀၀အထက်ကိုပြန်တက်လာပါတယ်။

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ
ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေး တပြိုင်တည်းတက်လာ

ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

ထိုင်းဘတ်ငွေနဲ့ ကျပ်ငွေလဲလှယ်နှုန်းဟာဆိုရင်လည်း မနေ့ကအထိ တစ်ဘတ်ကို ၇၁ ကျပ်ဝန်းကျင် ရှိနေရာကနေ ဒီနေ့မှာ ၇၅ ကျပ်ကျော်အထိဖြစ်သွားခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယ​နေ့ (သြဂုတ် ၁၁ရက်) တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၄၀ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၂၁၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၄၀ကျပ် နှင့် ပရီမီယံ ဒီဇယ်တစ်လီတာလျှင်၂၅၁၅ကျပ်အထိဈေးတက်လာသည်။

သတင်း

စစ်ကောင်စီကစက်သုံးဆီကိုထိန်းချုပ်ထားပြီးဆိုင်များကိုလည်းကန့်သတ်ချက်ဖြင့်သာထုတ်ရောင်းပေးနေသည်ဟု စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

သတင်း

ရေကူးကန်၊ အားကစားခန်းမနဲ့ အိပ်ခန်းပေါင်းများစွာပါဝင်တဲ့ အဲဒီနေအိမ်ကို ဂျက်ဖရီးစတားက အစောပိုင်းမှာ ဒေါ်လာ သန်း ၂၀ နဲ့ရောင်းချဖို့ စျေးခေါ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့် သူစတင်ဝယ်ယူခဲ့ ချိန်က ဒေါ်လာ ၁၄.၆ သန်းပေးခဲ့တာကြောင့် ဒေါ်လာ ၂ သန်းကျော်အမြတ်ထွက်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဘက်မှတင်းကျပ်ထားရာမှ အနည်းငယ်ဖြေလျော့ပေးသည်ဟုဆိုသော်လည်း စီးပွားရေးလည်ပတ်နိုင်သည့် ပုံစံမဟုတ်သောကြောင့် စစ်ကောင်စီမျှော်မှန်းထားသလို အခြေအနေဖြစ်လာနိုင်စရာမရှိကြောင်းလည်းအထက်ပါလုပ်ငန်းရှင်ကသုံးသပ်သည်။