Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်တွင်းမှာအင်တာနက်လိုင်း ဆိုးရွားနေ

အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီအချို့ကလည်း နေရာအချို့မှာချို့ယွင်းချက်ဖြစ်ပေါ်လို့ သုံးစွဲသူတွေ အင်တာနက်အသုံးပြုရာမှာ အဆင်မပြေမှုဖြစ်ပေါ်သွားတဲ့အတွက် တောင်းပန်ထားတာတွေ့ရပါတယ်။

Photo - Stringer via AFP
Photo - Stringer via AFP

မနေ့ကညပိုင်း ကစတင်ပြီး လက်ရှိအချိန်ထိ ပြည်တွင်းမှာ အင်တာနက်လိုင်းပြတ်တောက်တာ ၊နှေးကွေးတာတွေဖြစ်ပေါ်နေတယ်လို့ အင်တာနက်သုံးစွဲသူတွေထံက စုံစမ်းသိရပါတယ်။

စစ်ကောင်စီဟာ ခုခံတော်လှန်မှု ပြင်းထန်နေတဲ့ ဒေသတွေမှာ အင်တာနက်လိုင်းဖြတ်တောက်ထားတာတွေရှိနေပြီး မနေ့က ညပိုင်းကစတင်ကာ ရန်ုကုန်၊မန္တလေး၊ ပုသိမ် စတဲ့ မြို့ကြီးတွေမှာပါ အင်တာနက်လိုင်း နှေးကွေးတာတွေကို ကြုံခဲ့ရတာပါ။

စစ်ကောင်စီသြဇာခံဆက်သွယ်ရေးဌာနဘက်က မီဒီယာအချို့ကိုဖြေကြားချက်မှာ မြန်မာနိုင်ငံကို ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ကေဘယ်လိုင်း မှာ ချို့ယွင်းချက်ဖြစ်ပေါ်နေလို့ အင်တာနက်လိုင်းပြဿနာကြုံနေရတဲ့အကြောင်း ဆိုထားတာတွေ့ရပါတယ်။

လက်ရှိမှာ အရန်ချိတ်ဆက်ထားတဲ့အင်တာနက်လိုင်းကသာပေးနေရတယ်လို့ ဖြေထားပါသေးတယ်။

အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီအချို့ကလည်း နေရာအချို့မှာချို့ယွင်းချက်ဖြစ်ပေါ်လို့ သုံးစွဲသူတွေ အင်တာနက်အသုံးပြုရာမှာ အဆင်မပြေမှုဖြစ်ပေါ်သွားတဲ့အတွက် တောင်းပန်ထားတာတွေ့ရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့အလုပ်အကိုင် အခွင့်အလမ်းဟာ အာဏာမသိမ်းခင်က အခြေအနေတွေကိုပြောင်းပြန်ဖြစ်သွားစေတယ်လို့ ILO ဆိုပါတယ်။

သတင်း

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နာရေးသို့ လူမျိုးတုန်းသတ်ဖြတ်သည့်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်းမပြုရန်နှင့် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ခြင်းမပြု ရန် ဂျပန်ရောက်မြန်မာအင်အားစုများက မြို့အသီးသီး၌ ဆန္ဒပြတောင်းဆိုကြမည်ဖြစ်သည်။

သတင်း

စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ပို့ကုန်၊သွင်းကုန်လုပ်ငန်းတွေ အခက်အခဲတွေ့စေမှာသေချာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောဆိုထားကြပါတယ်။

သတင်း

ဒီတစ်ခေါက်မှာ ချစ်သုဝေက အိမ်အလှဆင်ပစ္စည်း‌လေးမျိုးကို မဲဖောက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခေါက်ပရောဂျက်မှာ ကံစမ်းသူတွေကို ကံစမ်းမဲနံပါတ်ပေးတာမဟုတ်ဘဲ လက်မှတ်တွေပါပေးနိုင်ခဲ့ပြီး လက်မှတ်လေးတွေကိုသိမ်းထားဖို့ ပြောပါတယ်။