Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခံရသည့် မူးကြီးကမ်းရွာဝင်ရောက်ရှင်းလင်းပါက အဝေးမှ လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ​ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ ဖျက်ဆီးပြီးနောက် ဒေသခံများ ဝင်ရောက်ရှင်းလင်းပါက အဝေးမှ လက်နက်ကြီးဖြင့်ပစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပြောသည်။

အိမ်ခြေ ၄,၀၀၀ခန့်ရှိသည့် မူးကမ်းကြီးရွာကို စစ်ကောင်စီက သြဂုတ် ၉ရက်နှင့် သြဂုတ် ၁၀ရက်တွင် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ မီးရှို့ခဲ့ပြီး ယနေ့(သြဂုတ် ၁၁ရက်)တွင် ရွာမှစတင် ထွက်ခွာနေသည်။

(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(မူးကြီးကမ်းကျေးရွာ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“စစ်ကြောင်းတစ်ကြောင်းက ရွာကနေ ထွက်သွားပြီ။ တစ်ကြောင်းက ကျန်နေသေးတယ်။ ဒေသခံတွေက ရွာကို ပြန်ဝင်ချင်ကြတယ်။ ပြန်ဝင်ပြီး ရှင်းလင်းရေးလုပ်ရင် အဝေးကနေ လက်နက်ကြီးနဲ့ ပစ်မယ်လို့ စစ်တပ်က ​ခြိမ်းခြောက်ထားလို့ မဝင်ရဲကြဘူး”ဟု ဒီပဲယင်းမြို့ အခြေစိုက်ပြည်သူ့ကာကွယ် ရေးအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ​ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

မူးကမ်းကြီးရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်နယ် ဘက်မှ ရောက်ရှိလာ​ခြင်းဖြစ်ပြီး ယခုလည်း ဘုတလင်နယ်ဘက်သို့ ဦးတည်ထွက်ခွာသွားနေသည်။

မူးကမ်းကြီးရွာကို မီးရှို့ဖျက်ဆီးသွားသည့် စစ်ကောင်စီတပ်သည် လက်နက်နှင့် လူအင်အား အပြည့်အစုံဖြင့်ဝင်ရောက်လာခဲ့ရာ လက်နက်ခဲယမ်းမလုံ လောက်သော ဒေသခံပြည်သူ့ ကာကွယ် ရေးတပ်များသည် တန်ပြန်တိုက်ခိုက် နိုင်ခြင်းမရှိခဲ့ပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းသည့် ယင်းမာ​ပင်မြို့နယ်တွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တို​က်ပွဲများ ဖြစ်ပွားနေသည်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် ချင်းပြည်အတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာလျက်ရှိရာ CJDC အဖွဲ့ဝင် အသီးသီး ပူးပေါင်း၍ ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားသောကြောင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေး ထားသည်။

သတင်း

ထို့အပြင် မြို့ပြရဲဘော်များ ဖမ်းဆီးခံ၊ ကျဆုံးခံနေရချိန်တွင် နေစိမ့်နိုင်၊ ပျော်ပါး နိုင်လွန်းသော ပြည်သူများကို ​အံ့သြဝမ်းနည်းဖြစ်ရသော်လည်း MDY-PDF အနေဖြင့် တော်လှန်ရေးသစ္စာအား ဦးလည်မသုန် ဆက်လက်ဆောင်ရွက်သွား မည်ဟု အသိပေးထားသည်။