Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂျပန်တွင် ကရင်အာဇာနည်နေ့ အခမ်းအနားနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်

ပြည်ပရောက် မြန်မာများက ကရင်လူမျိုးများ၏ တန်းတူညီတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသော ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးနှင့် ခေတ်အဆက်ဆက် အာဏာရှင်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးစွန့်လှူခဲ့ကြသော ကရင့်အာဇာနည်များအား ဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ - Ko Sai Lin /Facebook
ဓာတ်ပုံ - Ko Sai Lin /Facebook

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် ယနေ့ (သြဂုတ် ၁၁) ဂျပန်ရောက် မြန်မာများ ဦးဆောင်၍ ကရင်အာဇာနည်နေ့ အခမ်းအနားနှင့် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ပရောက် မြန်မာများက ကရင်လူမျိုးများ၏ တန်းတူညီတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသော ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးနှင့် ခေတ်အဆက်ဆက် အာဏာရှင်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးစွန့်လှူခဲ့ကြသော ကရင့်အာဇာနည်များအား ဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

ထို့နောက် အကြမ်းဖက် စစ်ကောင်စီမှ ၂၀၂၃ အတွင်း ကျင်းပရန်ကြိုးပမ်းနေသည့် ရွေးကောက်ပွဲအား ကန့်ကွက်ခြင်း၊ စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ လေးဦးအား သေဒဏ်ပေး ကွပ်မျက်ခဲ့ခြင်းအပေါ် ရှူတ်ချခြင်းနှင့် မတရားဖမ်းဆီးခံထားကြရသော နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုအား နိုင်ငံတကာ UN/ICJ/ICC တို့မှ အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန်လည်း တောင်းဆိုဆန္ဒပြခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဒါ့အပြင် အာဇာနည်ခေါင်းဆောင်တွေရဲ့ ကျေးဇူးတရားတွေကို အောက်မေ့သတိရလျက် မိမိတို့ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ချမှတ်ထားပေးတဲ့ ဆုံးဖြတ်ချက်၊ ပြဌာန်းချက်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို စွမ်းစွမ်းတမံလိုက်နာလုပ်ဆောင်သွားကြဖို့ KNLA က အသိပေးမှာကြားလိုက်ပါတယ်။

သတင်း

ကချင်တော်လှန်ရေးခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ် ခြင်းခံရခြင်းသည် ကချင်ပြည်သူလူထု အတွက် ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်ခဲ့သလို မြန်မာပြည်ဖယ်ဒရယ် ဒီမိုကရေစီတည်ဆောက်ရး လမ်းခရီး အတွက်လည်း များစွာထိခိုက်နစ်နာခဲ့ရကြောင်း NLD ၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

သတင်း

ဆူဝန်၊ ဂွမ်ဂျူး၊ အူလ်ဆန်း၊ အန်းဒုန်၊ ဘူဆန်းနှင့် ဘူဖျောင်းမြို့များတွင် မြန်မာ့အရေး အားပေး ထောက်ခံသော တောင်ကိုရီးယား အရပ်ဘက် အဖွဲ့အစည်းများနှင့် တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

N4 လျှောက်လွှာရောင်းချပေးနေသည့် MAJA ရုံးသို့ စစ်ကောင်စီတပ်များရောက်ရှိလာက လူစုမခွဲပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုသည့်အပြင် လူငယ် (၁၀)ဦးခန့်ကို ဖမ်းဆီးသွားသည်ဟု ကိုယ် တိုင်ကြုံခဲ့ရသော လူငယ်များက ပြောသည်။