Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်’စစ်ဆင်ရေးအဖြစ် ရွှေပြည်သာရှိ အုပ်ချုပ်ရေးမှူးများအား ဖောက်ခွဲတိုက်ခိုက်

ထို့အပြင် ကျန်ရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အားလုံးကိုလည်း အလျင်အမြန်နှုတ်ထွက်ကြရန်လည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA)က ပြင်းထန်စွာ သတိပေးထားသည်။

YUGA
YUGA

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် (၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အပါအဝင် (၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများ ရုံးထိုင်ရာ ဓမ္မာရုံအား ယမန်နေ့ ညပိုင်းတွင် နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (၃) တပ်စု (၁) နှင့် YUGA (MO-7 Eagles) တို့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YUGAက ယနေ့ (သြဂုတ် ၁၁) ၌ ထုတ်ပြန်သည်။

ယင်း​ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် ပါးစေ အဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ပြီး ထိခိုက် သေဆုံးစာရင်းကိုမူ အတိအကျ မသိရသေးကြောင်း YUGA က ဖော်ပြထားသည်။

ယမန်နေ့ ညပိုင်း ၇ နာရီကျော်တွင် ရွှေပြည်သာမြို့နယ် အမှတ် (၇) ရပ်ကွက်၊ နဝရတ်လမ်းမပေါ်ရှိ ရပ်ကွက် ဓမ္မာရုံအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၏ အပေါင်းအပါ လူသုံးဦး ထိခိုက်ခဲ့ကြောင်း အဆိုပါ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

” မနေ့က ဓမ္မာရုံမှာ ရပ်ကွက်ရုံးက လူတွေ ထိုင်နေတဲ့အချိန် ပေါက်ကွဲမှု ဖြစ်တာလို့ သိရတယ်။ အုပ်ကြီးတို့ အဖွဲ့ထဲက ဦးလေးကြီးတစ်ယောက် အပါအဝင် သုံးယောက်ထိတယ် လို့တော့ ကြားပါတယ်။ အဲဒီ့မှာက ရပ်ကွက်ရုံးက လူတွေပဲ ထိုင်ကြတာ များပါတယ်။ လူနာတင်ကားတွေ လာခေါ်သွားတာလည်း တွေ့လိုက်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့အပြင် ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်၌ ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ပေါက်ကွဲမှုဖြစ်စဥ်တွင် ရုံးထဲ၌ အုပ်ချုပ်ရေးမှူး နှင့် အပေါင်းအပါများ ရှိနေခဲ့ပြီး စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ဗုံးစမှန်၍ ခြေထောက်ထိခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထို့အပြင် ကျန်ရှိသည့် စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အားလုံးကိုလည်း အလျင်အမြန်နှုတ်ထွက်ကြရန်လည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ (YUGA)က ပြင်းထန်စွာ သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်တစ်လုံးထိမှန်ကာ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဟားခါး CDFက ဖော်ပြသည်။

သတင်း

ယနေ့နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့ မြို့မရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင်လည်းဖြစ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စိုးမင်းဆိုသူအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

သတင်း

မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက "ကြားရတဲ့အသံက တော်တော်ကျယ်တယ် ညတုန်းက။(င)ရပ်ကွက်ရုံးက ခဏခဏ တိုက်ခိုက်ခံရတယ်။ သူကလမ်းမပေါ်တင်ပါ ရုံးက။ သံဇကာတွေ ကာထားတာ။ ဘန်ကာတွေလည်း ရှိပါတယ်"ဟု ပြောသည်။

သတင်း

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်ကျဆုံးမှု မရှိသော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းအဖွဲ့များက အသိပေးထားသည်။