Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်အားသွားကြိုသည့်မတ်တူးကား မိုင်းဆွဲတိုက်ခိုက်ခံရ

ဖြစ်စဥ်နှင့်ပတ်သက်ပြီး CDSOM အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည် ပြုနိုင်ခြင်းမရှိသေးပေ။

(CDSOM အဖွဲ့ အသုံးပြုလေ့ရှိသည့် မိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Ko Nway Oo)
(CDSOM အဖွဲ့ အသုံးပြုလေ့ရှိသည့် မိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Ko Nway Oo)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ယာဥ်တန်းအား မတ်တူးကားဖြင့်သွားကြိုသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်၁၁) မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ၁၄စီးပါ ယာဥ်တန်းသည် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှ ငါန်းမြာသို့ထွက်ခွာလာခဲ့သည်။ ထိုအကြမ်းဖက်စစ်တပ်၏ယာဥ်တန်းအား ငါန်းမြာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးက မတ်တူး အဖြူရောင် အိမ်စီးကားဖြင့် သွားကြိုခဲ့သည်။

စစ်ကောင်စီယာဥ်များ ငါန်းမြာသို့အလာ အဆိုပါ မတ်တူး ကားအား မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် မြင်းခြံခရိုင်၊ ငါန်းမြှာ – ငါန်းဇွန် ကားလမ်းမကြီးပေါ် ကုန်းလယ်ရွာအနီး၌ ပဒေသာမိုင်း ၅ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်သည်။

ပစ်မှတ်အား ထိထိမိမိထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား၂ဦးသေဆုံးကာ သုံးဦးအပြင်းအထန်ဒဏ်ရာရရှိသွားသ​ည်ဟု ဆိုသည်။

အဆိုပါ မိုင်းစစ်ဆင်ရေးကို CDSOM (၂)၊ နောင်ရိုးအဖွဲ့ ( ၃)၊ M2W ၊၄၊ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၅)၊ မာန်ဆွယ်ကျားအထူးပြောက်ကျားအဖွဲ့ ငါး ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး CDSOM အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည် ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့ (သြဂုတ်၁၀ရက်)ကလည်း စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ပါဂျဲရိုးကားအား ၃လုံးတွဲ မိုင်းဖြင့် Black Eagle မြင်းမူလင်းယုန်နက်အဖွဲ့၊CDSOM အဖွဲ့ ၊ မြင်းမူ မြို့ပြပြောက်ကျားအဖွဲ့ CRF၊ မြင်းမူလျှပ်စီးအဖွဲ့ ၊ People Defense Force MMU မဟာမိတ်ညီနောင် ၅ဖော်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိဟုယူဆရသူနှစ်ဦး သေဆုံးသွားခဲ့ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ယာဉ်တန်းကို မြင်းမူ မြို့ရှောင်လမ်းတွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်က ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။

သတင်း

"တာဝန်နှင့် ၀တ္တရားအရ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ရာ ပျူခွေးများထိခိုက်အကျအဆုံးများရှိပြီး မည်မျှသေဆုံးသည်ကို မသိရသေးပါ"ဟု K.P.K တပ်ဖွဲ့က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းသည့် ယင်းမာ​ပင်မြို့နယ်တွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တို​က်ပွဲများ ဖြစ်ပွားနေသည်။

သတင်း

မြို့ရဲ့ ဆိုင်အားလုံးနီးပါးပိတ်ထားပြီး ၃၅လမ်းရှိ BOCဆိုင်တစ်ခုသာ လိုသလောက်ရောင်းချပေးနေတယ်လို့ စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကပြောပါတယ်။