Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင့်အာဇာနည်နေ့မှာ NUG သဝဏ်လွှာပို့

ဒီကနေ့ကျရောက်တဲ့ (၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကရင်တစ်မျိုးသားလုံးနဲ့အတူ ကရင်အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရတယ်လို့ NUG ရဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ကရင့်အာဇာနာနည်နေ့မှာ NUG သဝဏ်လွှာပို့
ကရင့်အာဇာနာနည်နေ့မှာ NUG သဝဏ်လွှာပို့

ကရင်တော်လှန်ရေးအင်းအားစုတွေနဲ့ လက်တွဲဆောင်ရွက်ပြီး ကရင်လူမျိုးနဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကရင်အာဇာနည်နေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဒီကနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်(၁၂)ရက်နေ့ဟာ ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးနဲ့တကွ ကရင်ခေါင်းဆောင်တွေကျဆုံးခဲ့တဲ့ (၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့ဖြစ်ပြီး ဒီနေ့ရက်အချိန်အခါဟာ ကရင်လူမျိုးတို့ရဲ့သမိုင်းနဲ့ တော်လှန်ရေးသမိုင်းမှာ မေ့ပျောက်လို့မရတဲ့ အောက်မေ့ဖွယ်နေ့ရက်ဖြစ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။

ဥက္ကဌစောဘဦးကြီးက ချမှတ်ခဲ့တဲ့ လမ်းညွှန်မူ(၄)ချက်ကို မဆုတ်မနစ်ကိုင်စွဲပြီး ကရင်အမျိုးသားတော်လှန်ရေးအတွက်သာမက လွန်လေပြီးသော နှစ်ပေါင်း(၇၀)ကျော်ကစကာ မျက်မှောက်ခေတ်နွေဦးတော်လှန်ရေးအထိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်နာခံပြီး ဦးဆောင်တိုက်ပွဲဝင်လျက်ရှိတဲ့ KNU/KNLA အတွက် များစွာလေးစာဂုဏ်ယူတယ်လို့ NUG က ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်းပြီး ခေတ်အဆက်ဆက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တခဲ့တဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အ၀အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် သန္နိဌာန်ချထားတဲ့ အစိုးရဖြစ်တယ်လို့လည်း သဝဏ်လွှာမှာပါရှိပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၇၂)နှစ်မြောက် ကရင်အာဇာနည်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကရင်တစ်မျိုးသားလုံးနဲ့အတူ ကရင်အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရတယ်လို့ NUG ရဲ့ ကရင်အာဇာနည်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်ပရောက် မြန်မာများက ကရင်လူမျိုးများ၏ တန်းတူညီတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသော ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးနှင့် ခေတ်အဆက်ဆက် အာဏာရှင်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးစွန့်လှူခဲ့ကြသော ကရင့်အာဇာနည်များအား ဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

သတင်း

CRPH သည် မွန်တော်လှန်ရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသားတို့၏ဆန္ဒဖြစ်သည့် စစ်မှန်သောငြိမ်းချမ်းရေးကိုရယူပြီး လွတ်လပ်၍သာတူညီမျှသည့် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသားညီနောင်များ နှင့်အတူတကွ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုသည်။

သတင်း

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

သတင်း

အဲဒီလိုဖမ်းဆီးမှုအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁၇၅ ဦးဖမ်းမိတယ်လို့မလေးရှားလဝက ထုတ်ပြန်ပါတယ်။