Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

လက်နက်ကြီးထိမှန်သွားခဲ့တဲ့ ဒေသခံအမျိုးသမီးလူနာကိုတော့ ကညင်ကျိုးဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် နေ့လည်(၁၂)နာရီအချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ကျောက်ကြီးမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး
ကျောက်ကြီးမှာ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကေအဲန်ယူလက်အောက်ခံတပ်တို့အကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပြီး ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကေအဲန်ယူ-လယ်ဒို(ကျောက်ကြီး) မြို့နယ်ထဲက ကျေးရွာတွေအပေါ်မှာ ဩဂုတ်(၁၀)ရက်နေ့ မနက်လေးနာရီကစပြီး ဒီကနေ့အချိန်ထိ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးလက်နက်ငယ်ပေါင်းစုံနဲ့ ပစ်ခတ်ခဲ့လို့ ထိုးဝါးစိုက်ကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦးရဲ့နေအိမ်ကိုထိမှန်ခဲ့ကာ အိမ်ရှင်ဖြစ်သူ အသက်(၅၂)နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိမှန်သွားခဲ့တာပါ။

လက်နက်ကြီးထိမှန်သွားခဲ့တဲ့ ဒေသခံအမျိုးသမီးလူနာကိုတော့ ကညင်ကျိုးဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် နေ့လည်(၁၂)နာရီအချိန်မှာ သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒိုးဒါးတာစုံကနေ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ပြည်သူလူထုနေထိုင်ရာနေရာနဲ့ လုပ်ကိုင်စားသောက်ရာနေရာတွေကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီလိုပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူထုရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ထိမှန်သေဆုံးသွားခဲ့သေးတာပါ။

စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၃ တပ်ရင်း(၉)တို့အကြား ပြီးခဲ့တဲ့ဩဂုတ်(၇)ရက်နေ့ မနက်(၅)နာရီအချိန်က ထိပ်တိုက်တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူကဆိုပါတယ်။

အဲ့ဒီနောက် မနက်(၆)နာရီခွဲမှာတော့ စစ်ကောင်စီတပ်ဟာ ဒိုးဒါးတာစုံကနေ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာတော့ လိန်ပင်ကျေးရွာက ဒေသံအမျိုးသမီးတစ်ဦးကို ထိမှန်သွားခဲ့တယ်လို့ ကေအဲန်ယူကပြောပါတယ်။

ဩဂုတ်(၇)ရက်နေ့ ညနေလေးနာရီအချိန်မှာတော့ စစ်ကောင်စီတပ်ဟာ ဒိုးဒါးတာစုံကနေ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျောက်စရစ်ကျေးရွာကိုဖြတ်ကူးလာပြီး ဒီလိုဖြတ်ကူးလာစဉ် ညနေ(၄)နာရီ မိနစ်(၂၀)အချိန်မှာတော့ လိန်ပင်နဲ့ ပဲသောင်ကျေးရွာကြားမှာ KNLA တပ်မဟာ ၃ နဲ့ ထိပ်တိုက်တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တာပါ။

အဆိုပါတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က (၁၀)ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူကဆိုထားပါတယ်။

ဒါ့အပြင် ဩဂုတ်(၈)ရက်နေ့ မနက်(၈)နာရီအချိန်မှာ ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် (၂၄)ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကာ မနက်(၁၀)နာရီကျော်အချိန်မှာတော့ စစ်ကောင်စီက လေယာဉ်နှစ်စီးနဲ့ ငါးကြိမ်ခန့် လာရောက်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီလိုလာရောက်ပစ်ခတ်တိုက်ခိုက်တဲ့ လေယာဉ်နှစ်စီးကို KNLA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း(၉)နဲ့ KNDO တပ်ရင်း(၃)တို့က ပြန်လည်ပစ်ခတ်ခဲ့လို့ လေယာဉ်တစ်စီးထိမှန်ခဲ့ပြီး စက်ချို့ယွင်းသွားခဲ့ကာ ကညင်ကျိုးကျေးရွာက စာသင်ကျောင်းမှာ ဆင်းသက်ခဲ့ရတယ်လို့ ကေအဲန်ယူကဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ကေအဲန်ယူလက်အောက်ခံတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲသုံးကြိမ်စလုံးနဲ့ လေယာဉ်ပစ်ခတ်တဲ့ငါးကြိမ်မှာ စစ်ကောင်စီဘက်က စုစုပေါင်း(၃၇)ဦးသေဆုံးပြီး (၁၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကေအဲန်ယူဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျေးရွာအတွင်း ဝင်ရောက်သူများကို PDFဟု သတ်မှတ်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဖြစ်ကြောင်း စစ်ကောင်စီက ပျူစောထီးအချို့ထံမှတစ်ဆင့် ​ခြိမ်းခြောက်သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ယနေ့(သြဂုတ် ၁၀ရက်) နံနက်ပိုင်းက ရေဦးမြို့နယ်၊ ကုန်းသာရွာနှင့် ရွာမိဿာကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် ရေဦး၊ ဒီပဲယင်းနယ်များရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုအား နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နတ်တောင်နဂါး တပ်ခွဲ(၂)ဇာမဏီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟူရာမြင်းရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

နိုင်ငံတကာ

တောင်ကိုရီးယား ပြည်ထဲရေးနဲ့ လုံခြုံရေး ဝန်ကြီးဌာနက သေဆုံးသူတွေထဲက ၃ ဦးဟာ ရေဝင်နေတဲ့ မြေအောက်ခန်း တစ်နေရာမှာ ပိတ်မိရင်း ရေနစ်ခဲ့ကြတာလို့ ပြောပါတယ်။ ဒဏ်ရာရသူ ၉ ဦးကို ကယ်ဆယ်ရေးတွေက ဆေးရုံ တင်ပို့ထားပြီး ၇ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။