Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အိုးဘိုထောင်တွင် အစာငတ်ခံဆန္ဒပြဦးဆောင်သူ ကိုနောင်ထက်အောင် ရိုက်နှက်ခံရ၍ အသက်အန္တရာယ် စိုးရိမ်ရ

ကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁ ရက်က စတင်၍ အစာငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

(အိုးဘို​ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲ ဦး​ဆောင်သူ ကို​နောင်ထက်​အောင်။ ။ဓါတ်ပုံ-ဗကသ)
(အိုးဘို​ထောင်တွင်းအစာငတ်ခံဆန္ဒပြပွဲ ဦး​ဆောင်သူ ကို​နောင်ထက်​အောင်။ ။ဓါတ်ပုံ-ဗကသ)

မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်သူ ကိုနောင်ထက် အောင် (ရန်ကုန်ပညာရေး တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဌဟောင်း)သည် ထောင်တွင်း ရိုက်နှက်ခံရသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယမန်နေ့ (သြဂုတ် ၁၁)ထုတ်ပြန်သည်။

ကိုနောင်ထက်အောင်သည် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခြင်းကို သပိတ်မှောက်သည့်အနေဖြင့် သြဂုတ် ၁ ရက်က စတင်၍ အစာငတ်ခံဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကိုနောင်ထက်အောင်ကို အကျဥ်းထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ရာ ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသော်လည်း ဆေးကုသခွင့်မပေးကြောင်း ကျောင်းသားများသမဂ္ဂ​၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကိုနောင်ထက်အောင်ရဲ့ အခြေအနေက အရမ်းဆိုးဝါးတယ် လို့ သိရတယ်။ ဆေးကုခွင့်လဲ မရဘူး။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားတောင် ရှိနေတယ်။ ဆေးကုခွင့်ရဖို့ ကြိုးပမ်းနေပါတယ် “ဟု ကျောင်းသားလူငယ်တစ်ဦးက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည် လက်ရှိတွင် အိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားသဖြင့် ပြည်သူများအနေဖြင့် ထောင်တွင်းတိုက်ပွဲများအပေါ် အာရုံစိုက်ပေးကြရန် ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

သတင်း

ယင်းသို့ ပေးဆပ်နေမှုများအား အချည်းနှီး မဖြစ်စေရန် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းများ (ERO) နှင့် အခြားသော တော်လှန်ရေး အင်အားစုအားလုံး ပိုမိုစည်းလုံးညီညွတ်စွာဖြင့် ဆက်လက် တိုက်ပွဲဝင်ကြရန် အလေးအနက် တိုက်တွန်းခဲ့သည်။

သတင်း

အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။

သတင်း

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ တောင်မြောက်လမ်းဆုံ ရဲစခန်းအနီး၌ လမ်းများပိတ်ဆို့၍ မော်တော်ပီကယ်များဖြင့် သွားလာနေသည့်ယာဥ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။