Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူ၌ စစ်ကောင်စီယာဥ်တန်းကို ဒေသကာကွယ်ရေးတပ်များ နေရာနှစ်ခုတွင် တိုက်ခိုက်

စစ်ကောင်စီတပ်ယာဉ်တန်းကို မြင်းမူ မြို့ရှောင်လမ်းတွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်က ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။

(မုံရွာ- မန္တလေးလမ်းပေါ်တွင် ZERO ပြောက် ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်၊ ဓာတ်ပုံ - ZERO ပြောက်ကျားတပ်)
(မုံရွာ- မန္တလေးလမ်းပေါ်တွင် ZERO ပြောက် ကျားတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်၊ ဓာတ်ပုံ - ZERO ပြောက်ကျားတပ်)

စစ်ကိုင်းတိုင်း မုံရွာမှ စစ်ကိုင်းမြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ် ယာဉ်တန်းကို မြင်းမူ မြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် နေရာနှစ်ခု၌ အသီးသီးတိုက်ခိုက်ခဲ့ ကြသည်။

စစ်ကောင်စီတပ်ယာဉ်တန်းကို မြင်းမူ မြို့ရှောင်လမ်းတွင် မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်က ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၁၂ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ယာဉ် ၁၃စီးအား ပဒေသာမိုင်း ၅လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ၁၂စီးမြောက် ယာဉ်မှာ ထိုးရပ်သွားပြီး ငြီးညူသံများ ကြားရကြောင်း၊ ထိခိုက်သေဆုံးမှုများ ရှိနို်သော်လည်း စစ်ကောင်စီတပ် ကင်းပုန်းများက အဆက်မပြတ် ပစ်ခတ် ၍ မိုင်းတပ်သားများ ဆုတ်ခွာခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော် များ ထိခိုက်မှုမရှိကြောင်း၊ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ DOG KILLER၊ ZERO POWER တော်လှန်ရေး အင်အားစု(စစ်ကိုင်းတိုင်း) နှင့် G4G PDFတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

သြဂုတ် ၁၀ရက်ကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်​ကောင်စီ၏ ဆီတင်ကားများနှင့် စစ်တပ်အရာရှိကားများအား ကန်ဖျားဇရပ်နှင့် ထီးဆောင်းကြားတွင် မိုင်းခွဲတိုက်ခိုက်ရာ သေဆုံးထိခိုက်မှုများရှိကြောင်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန် အသိပေးထားသည်။

ထိ့အပြင် စစ်ကောင်စီယာဥ်တန်းကို ယနေ့နံနက်ပိုင်းက မုံရွာ – မန္တလေးလမ်းပိုင်း မြင်းမူမြို့နယ်လမ်းပိုင်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ပြီး ကား သုံးစီးထိမှန်ခဲ့ကြောင်း Black Eagle Defence Force-MMUအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(သြဂုတ် ၁၂) နံနက် ၃နာရီ ၄၅မိနစ်က မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မုံရွာမှ စစ်ကိုင်းမြို့ ဘက်သို့ထွက်လာသော အကြမ်းဖက်စစ်ကောင်စီကား ၁၃ စီးအား ပဒေသာမိုင်းများဖြင့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဥ်တန်းအား ဘိုးမင်းကြီးကင်း နှင့် ဂွေးပင်တောကျေးရွာအကြားတွင် ပဒေသာမိုင်း ၄လုံးတွဲဖြင့် တစ်ကြိမ်၊ Mytel-မမ(၂)လုံးဖြင့် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိတိ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဥ်တန်းမှ (၃)စီး၊(၄)စီးနှင့် (၉)စီးမြောက်ယာဥ်များအား ထိမှန်ခဲ့ကြောင်း Black Eagle Defence Force-MMUက ပြောသည်။

စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုများအား စုံစမ်းနေသည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Black Eagle Defence Force-MMU(မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ ၊ People’s Defence Force Myinmu-MMU PDF၊Myinmu Civil Revolution Force-CRF Myinmu၊ Myinmu Lightning Guerrilla Force (မြင်းမူလျှပ်စီး ပြောက်ကျားအဖွဲ့)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့- CDSOM၊ စသည့်ညီနောင် မဟာမိတ်( ၅ )ဖွဲ့ တို့မှ ပူပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

CDF-KKGသည် စစ်ကိုင်း - ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

သတင်း

စစ်ကောင်စီအနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်ဖွဲ့စည်းပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုင်းနေသည့် သွေးခွဲသည့် လုပ်ရပ်အပေါ် သတိထားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဩဂုတ် ၁၀ရက် ကချင်အာဇာနည်နေ့ မိန်းခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်ပြီး FRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

"ပြီးခဲ့တဲ့လ ပိုင်းကတည်းက ရေး နဲ့ သံဖြူဇရပ် ဘက်ကို စကစဘက်က တပ်ပြောင်းတပ်ရွှေ့လုပ်နေတာ။အဲဒီတုန်းကလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်"ဟု မွန်ပြည်နယ်အခြေစိုက်သတင်းရင်းမြစ်က People's Springသို့ ပြောသည်။