Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သင်္ဘောအုပ်စုတိုက်ခိုက်ခံရပြီးနောက် မြစ်ကမ်းဘေးရွာမှ ဒေသခံများကို စစ်ကောင်စီဖမ်းဆီးထား

စစ်ကောင်စီက လက်နက်အသင့်ပြင်ဆင်ထားသည့်သင်္ဘောပေါ်မှနေ၍ မြစ်ကမ်းဘေး ကျေးရွာများကို ပစ်ခတ်နေသည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကသာ(ပကဖ)က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီ၏ ရေယာဥ်တစ်စင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ၏ ရေယာဥ်တစ်စင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကသာမြို့တွင် စစ်ကောင်စီ၏ သင်္ဘောအုပ်စုတိုက်ခိုက်ခံရပြီး နောက် မြစ်ကမ်းဘေးရှိ ကျေးရွာတစ်ရွာမှ ဒေသခံများကို ဖမ်းဆီးထားပြီး ရွာအတွင်း အကြမ်းဖက်စီးနင်းနေသည်ဟု မြို့ခံများက ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီသင်္ဘော (၆)စင်းကို ကသာမြို့နယ် မှ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ယမန်နေ့( သြဂုတ် ၁၁ရက်)က တိုက်ခိုက်ခဲ့သည်။ ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁၂)လက်အောက်ခံ KachinPDFနှင့် (ပကဖ) များပူးပေါင်းပြီး (၁၀၇) မမ လျော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ကသာ(ပကဖ)က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခဲ့သည့်နေရာအနီးမှ သုံးဆယ်ပေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်း ယနေ့(သြဂုတ် ၁၂ရက်) ဝင်ရောက်နေပြီး ရွာကိုမီးရှို့မည်ဟု ​ခြိမ်းခြောက်ထားကြောင်း မြို့ခံများက ပြောသည်။

” မနေ့က အပစ်ခံရတာ သူတို့ သင်္ဘောတစ်စီးပျက်သွားတယ်။ ရွာက မိန်းကလေးတွေအပါအဝင် ဒေသခံတွေကို ဖမ်းပြီး သူတို့လိုချင်တဲ့သူတွေကို တောင်းတယ်။ လူစာရင်းက ဘယ်ကရမှန်းလည်း မသိဘူး။ ပြန်လွှတ်ပေးဖို့ ဘုန်းကြီးတွေက တောင်းပန်တော့ တချို့ ပြန်လွှတ်ပေးပြီး တချို့ကို ထပ်ဖမ်းတယ်။ ဒီမနက်တော့ ရွာထဲကို ဝင်မွှေနေပြီ”ဟု ကသာမြို့ခံတစ်ဦး ကပြောသည်။

စစ်ကောင်စီက လက်နက်အသင့်ပြင်ဆင်ထားသည့်သင်္ဘောပေါ်မှနေ၍ မြစ်ကမ်းဘေး ကျေးရွာများကို ပစ်ခတ်နေသည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကသာ(ပကဖ)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ သင်္ဘော (၆)စင်းသည် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ သြဂုတ် ၈ရက်တွင် စတင်ထွက်ခွာလာ​ပြီး သြဂုတ် ၁၁ရက် နေ့လည်တွင် ကသာမြို့နယ်ပိုင်နက်အတွင်း ရောက်ရှိလာ စဥ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ယခုအခါ ယင်းရေယာဥ်အုပ်စုသည် ခရီးမဆက်သေးဘဲ သုံးဆယ်ပေးရွာအနီး ရပ်တန့်ထားသည်။

သုံးဆယ်ပေးရွာသည် အိမ်ခြေ ၇၀ခန့်ရှိသော မြစ်ကမ်းဘေး ရွာလေးဖြစ်ပြီး ဒေသခံများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

CDF-KKGသည် စစ်ကိုင်း - ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

သတင်း

စစ်ကောင်စီအနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်ဖွဲ့စည်းပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုင်းနေသည့် သွေးခွဲသည့် လုပ်ရပ်အပေါ် သတိထားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဩဂုတ် ၁၀ရက် ကချင်အာဇာနည်နေ့ မိန်းခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်ပြီး FRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

"ပြီးခဲ့တဲ့လ ပိုင်းကတည်းက ရေး နဲ့ သံဖြူဇရပ် ဘက်ကို စကစဘက်က တပ်ပြောင်းတပ်ရွှေ့လုပ်နေတာ။အဲဒီတုန်းကလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်"ဟု မွန်ပြည်နယ်အခြေစိုက်သတင်းရင်းမြစ်က People's Springသို့ ပြောသည်။