Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံဖြူဇရပ်မြို့သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ လေးဦးသေ၊ နှစ်ဦးဒဏ်ရာရဟု တောင်ညိုပြည်သူ့ပြောက်ကျားတပ်ပြော

“ပြီးခဲ့တဲ့လ ပိုင်းကတည်းက ရေး နဲ့ သံဖြူဇရပ် ဘက်ကို စကစဘက်က တပ်ပြောင်းတပ်ရွှေ့လုပ်နေတာ။အဲဒီတုန်းကလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်”ဟု မွန်ပြည်နယ်အခြေစိုက်သတင်းရင်းမြစ်က People’s Springသို့ ပြောသည်။

(အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

မွန်ပြည်နယ် ရေးမြို့မှ သံဖြူဇရပ်မြို့သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်း ကို ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးပြီး နှစ်ဦးအပြင်း အထန် ဒဏ်ရာရရှိကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ယနေ့ (သြဂုတ် ၁၂ ရက်) ထုတ်ပြန်သည်။

ယမန်နေ့(သြဂုတ် ၁၁ ရက်) နေ့လည် ၂ နာရီ ၁၇မိနစ်က မော်တော်ယာဥ် ခြောက်စီးပါစစ်ကောင် စီယာဥ်တန်းကို ပိန္ဒဲတော ရွာနှင့် ရွာသာအေးကျေးရွာ ကြားတွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ခိုက်မှုဖြစ်စဥ်တွင် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်း ဖော်ပြသည်။

သို့သော် စစ်ကောင်စီတပ်သားများသေဆုံး ထိခိုက်မှုကို People’s Springမှ သီးခြားအတည်ပြုမရ သေးပေ။

“ပြီးခဲ့တဲ့လ ပိုင်းကတည်းက ရေး နဲ့ သံဖြူဇရပ် ဘက်ကို စကစဘက်က တပ်ပြောင်းတပ်ရွှေ့လုပ်နေတာ။အဲဒီတုန်းကလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်”ဟု မွန်ပြည်နယ်အခြေစိုက်သတင်းရင်းမြစ်က People’s Springသို့ ပြောသည်။

သြဂုတ် ၄ ရက်ကလည်း သံဖြူဇရပ်မှ ရေးမြိုသို့လာသည့် စစ်ကောင်စီယာဉ် သုံးစီးကို အောင်သာယာရွာနှင့် ကနင်ကမော့ရွာကြားတွင် ကြားဖြတ်တိုက်ခိုက် မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီ တပ်သားခြောက်ဦးထက်မနည်း သေဆုံးကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

CDF-KKGသည် စစ်ကိုင်း - ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

သတင်း

စစ်ကောင်စီအနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်ဖွဲ့စည်းပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုင်းနေသည့် သွေးခွဲသည့် လုပ်ရပ်အပေါ် သတိထားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဩဂုတ် ၁၀ရက် ကချင်အာဇာနည်နေ့ မိန်းခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်ပြီး FRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

စစ်ကောင်စီက လက်နက်အသင့်ပြင်ဆင်ထားသည့်သင်္ဘောပေါ်မှနေ၍ မြစ်ကမ်းဘေး ကျေးရွာများကို ပစ်ခတ်နေသည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကသာ(ပကဖ)က ထုတ်ပြန်ထားသည်။