Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်းအား ဒေသတွင်းပူးပေါင်းအဖွဲ့ဝင်တို​က်ရာ ၁၀ဦးထက်မနည်း သေဟုဆို

ဖြစ်စဥ်နှင့်ပတ်သက်ပြီး FRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

(ရေဦးနယ်ရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)
(ရေဦးနယ်ရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကွမ်းအုံကျေးရွာအနီး၌ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းအား ဒေသတွင်းပူးပေါင်းအဖွဲ့ တို​က်ခိုက်ရာ ၁၀ဦးထက်မနည်း သေဆုံးနိုင်ကြောင်း Freedom Revolution Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်၁၂ ရက်) နံနက် ၇နာရီ ၅၀ မိနစ်ခန့်က ရေဦးမြို့နယ် ချမ်းသာရွာတွင် ညအိပ်ခဲ့သော အင်အား၁၂၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းအား ကွမ်းအုံရွာအနီး၌ မဟာမိတ်ပူးပေါင်း အဖွဲ့များက မိုင်းကွင်းဖြင့် အသင့်ကြိုစောင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

မိုင်းကွင်းအတွင်း ဝင်လာသော စစ်ကောင်စိတပ်သား ၇ဦး လွင့်စင်သွားကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာတွင် သုံးဦး သေဆုံးခဲ့၍ စုစုပေါင်း ၁၀ဦး အနည်းဆုံး သေဆုံးနိုင်ကြောင်း FRFက ဆိုသည်။

ပူးပေါင်းအဖွဲ့များဘက်က မစိုးရိမ်ရသောဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး ရွှေဘိုခရိုင် တပ်ရင်း(၂၄)FRFတပ်ဖွဲ့၊ဗိုလ်မုတ်ဆိတ်အဖွဲ့၊DRPA၊ရွှေဘိုခရိုင်တပ်ရင်း (၉)၊ ရွှေဘိုခရိုင်တပ်ရင်း (၁၁)နှင့်အခြားဒေသတွင်းအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး FRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ခိုက်ခံရသော အကြမ်းဖက်အုပ်စုသည် ယမန်နေ့က ရေဦးနယ် အနောက်ခြမ်း ကုန်းသာရွာအား မီးတင်ရှို့ခဲ့သော အဖွဲ့ဖြစ်သည်။ ၎င်းစစ်ကြောင်းသည် ချမ်းသာ၊ တောင်ခွင်၊ ငှက်ပျောတောရွာ များဘက် မွှေနှောက်ဖျက်ဆီးခဲ့ပြီး ယနေ့နံနက် ငှက်ပျောတောရွာမှတဆင့် ကွမ်းအုံရွာသို့ ဝင်ရောက်ချိန် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်သည် ကွမ်းအုံရွာကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

CDF-KKGသည် စစ်ကိုင်း - ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

သတင်း

စစ်ကောင်စီအနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ပြည်သူ့စစ်ဖွဲ့စည်းပြီး တိုင်းရင်းသားအချင်းချင်း တိုက်ခိုင်းနေသည့် သွေးခွဲသည့် လုပ်ရပ်အပေါ် သတိထားရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဩဂုတ် ၁၀ရက် ကချင်အာဇာနည်နေ့ မိန်းခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

သတင်း

"ပြီးခဲ့တဲ့လ ပိုင်းကတည်းက ရေး နဲ့ သံဖြူဇရပ် ဘက်ကို စကစဘက်က တပ်ပြောင်းတပ်ရွှေ့လုပ်နေတာ။အဲဒီတုန်းကလည်း ဒေသခံကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ရှိခဲ့တယ်"ဟု မွန်ပြည်နယ်အခြေစိုက်သတင်းရင်းမြစ်က People's Springသို့ ပြောသည်။

သတင်း

စစ်ကောင်စီက လက်နက်အသင့်ပြင်ဆင်ထားသည့်သင်္ဘောပေါ်မှနေ၍ မြစ်ကမ်းဘေး ကျေးရွာများကို ပစ်ခတ်နေသည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကသာ(ပကဖ)က ထုတ်ပြန်ထားသည်။