Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်

ရန်ကုန်ရှိ ဂျပန်သံရုံးကမူ ဝါတနာဘီ၏ ခရီးစဉ်ကို သိရှိသော်လည်း လွှတ်တော်အမတ်ကိုယ် တိုင်ခရီးစဉ်စီစဉ်ခြင်းဖြစ်ပြီး ခရီးစဉ်အစီအစဉ် သို့မဟုတ် အခြားသော အသေးစိတ်ကို ၎င်းတို့ မသိရှိ ကြောင်း ပြောသည်။

အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်
အာဏာသိမ်းပြီး ပထမဆုံးအကြိမ် ဂျပန်အမတ် နေပြည်တော်ရောက်

ဂျပန်အောက်လွှတ်တော်အမတ်သည် စစ်တပ်၏တရားမဝင် အာဏာသိမ်းမှု အပြီး ပထမဆုံး အကြိမ်အဖြစ် နေပြည်တော်သို့လာရောက်ကာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ယမန်နေ့(ဩဂုတ် ၁၁ ရက်)တွင် တွေ့ဆုံခဲ့သည်။

လက်ရှိအာဏာရပါတီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဟီရိုမီချိဝါတနာဘီ နှင့် မင်းအောင်လှိုင်တို့တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးရေးတို့ကိုဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်ရုပ်သံက ထုတ်လွှင့်သည်။

ရန်ကုန်ရှိ ဂျပန်သံရုံးကမူ ဝါတနာဘီ၏ ခရီးစဉ်ကို သိရှိသော်လည်း လွှတ်တော်အမတ်ကိုယ် တိုင်ခရီးစဉ်စီစဉ်ခြင်းဖြစ်ပြီး ခရီးစဉ်အစီအစဉ် သို့မဟုတ် အခြားသော အသေးစိတ်ကို ၎င်းတို့ မသိရှိ ကြောင်း ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇူလိုင် ၃၀ ရက်တွင် ရန်ကုန်မြို့ ပြောက်ကျား သပိတ် သတင်းယူနေသည့် အသက် ၂၀ အရွယ် ဂျပန်နိုင်ငံသားကိုဖမ်းဆီးခဲ့ပြီး ပုဒ်မ သုံးခုဖြင့် အမှုဖွင့်ထားသည်။ အထက်ပါလွှတ်တော်အမတ်၏ ခရီးစဉ်သည် အဆိုပါဂျပန်လူငယ်ဖမ်းဆီးခံထားရမှုနှင့် သက် ဆိုင်ခြင်းရှိ၊ မရှိ မသိရပေ။

ထို့အပြင် စာတိုက်နှင့်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဟီဒိုဝါတနာဘီသည် အာဏာသိမ်းမှုအပြီး မြန်မာသို့ ကြိမ်ဖန်များစွာ လာရောက်ပြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့သည်။ ဟီဒိုဝါတနာဘီသည် ဂျပန်-မြန်မာအသင်း၏ လက်ရှိ ဥက္ကဌဖြစ်သည်။ ဂျပန်-မြန်မာအသင်းသည် အစိုးရနှင့် သက်ဆိုင်ခြင်းမရှိဘဲ တိုကျိုနှင့် ရန်ကုန်၌ ရုံးများဖွင့်လှစ်ထားသည်။

ဂျပန်ရောက်မြန်မာများက ဂျပန်အစိုးရကို အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ခြင်းမပြုရန်၊ လက်ရှိဆက်ဆံမှုများကို ဖြတ်တောက်ရန်၊ ပိတ်ဆို့အရေးယူမှုပြုလုပ်ရန် တောင်းဆိုထားသည်။

ကိုးကား – Nikkei Asia

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြည်ပရောက် မြန်မာများက ကရင်လူမျိုးများ၏ တန်းတူညီတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့ကြသော ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးနှင့် ခေတ်အဆက်ဆက် အာဏာရှင်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်ရင်း အသက်ပေးစွန့်လှူခဲ့ကြသော ကရင့်အာဇာနည်များအား ဂုဏ်ပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။

သတင်း

N4 လျှောက်လွှာရောင်းချပေးနေသည့် MAJA ရုံးသို့ စစ်ကောင်စီတပ်များရောက်ရှိလာက လူစုမခွဲပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုသည့်အပြင် လူငယ် (၁၀)ဦးခန့်ကို ဖမ်းဆီးသွားသည်ဟု ကိုယ် တိုင်ကြုံခဲ့ရသော လူငယ်များက ပြောသည်။

ဗီဒီယို

ရန်ကုန်ပညာရေးတက္ကသိုလ် မှာ လျှောက်လွှာရောင်းချပေးတာဖြစ်ပြီး ဒီနေ့မနက် ၅ နာရီ လောက်မှာ လာရောက်တန်းစီသူ ဦးရေ ငါးထောင်လောက်ရှိလာကာ လူစုလူဝေး ဖြစ်လာ လို့ လျှောက်လွှာရောင်းတာကို ရပ်ဆိုင်းလိုက်ရတယ်လို့ စာမေးပွဲကျင်းပရေးကော်မတီက ဆိုထားပါတယ်။

သတင်း

လေ့လာသူတွေကတော့ စစ်ကောင်စီဟာ ရုရှားနဲ့ အပိုင်ပေါင်းထားတဲ့အတွက် အင်အားကြီး နိုင်ငံတစ်ခုရဲ့ အထောက်အကူကို ရယူနိုင်တဲ့အပြင် တရုတ်အပေါ် ဘက်ပေါင်းစုံ မှီခိုနေရမှုကို လျှော့ချနိုင်မယ့် အခွင့်အရေး တစ်ရပ်လို့လည်း ယူဆနေကြောင်း သုံးထပ် ပြောဆိုထားကြပါတယ်။