Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် မြောက်ဒဂုံ (၄၂) ရပ်ကွက် စစ်ကောင်စီအုပ်ချုပ်ရေးရုံး ဗုံးခွဲတိုက်ခိုက်

နောက်နောင်တွင်လည်း ပြည်သူလူထုအပေါ် မတရားငွေကြေးကောက်ခံသော စစ်ကောင်စီထောက်တိုင် အုပ် ချုပ်ရေးရုံးများနှင့် အလိုတော်ရိများ၏ အသက်ကို အာမခံနိုင်မည်မဟုတ်ကြောင်း YFAက သတိပေးထားသည်။

မြောက်ဒဂုံရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား တွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
မြောက်ဒဂုံရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား တွေ့ရစဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၄၂) ရပ်ကွက်ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Federal Army – YFA က သြဂုတ် ၁၁ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

သြဂုတ် ၁၀ရက် နေ့လယ် ၃ နာရီခန့်က မြောက်ဒဂုံ (၄၂)ရပ်ကွက် သခင်အုန်းဖေကြီးလမ်းပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိနိုင်ကြောင်း ဖော်ပြသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးသည် ဧည့်စာရင်းကိစ္စအပါအဝင် ပြည်သူအပေါ် မတရားငွေကြေးကောက်ခံနေကြောင်း တိုင်ကြားလာတဲ့အပေါ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

“ရန်ကုန် ပြည်သူများ အတွက် ကျွန်တော်တို့ Yangon Federal Army အနေဖြင့် အမြဲတည်ရှိနေပါတယ်”ဟု YFA က အသိပေးသည်။

နောက်နောင်တွင်လည်း ပြည်သူလူထုအပေါ် မတရားငွေကြေးကောက်ခံသော စစ်ကောင်စီထောက်တိုင် အုပ် ချုပ်ရေးရုံးများနှင့် အလိုတော်ရိများ၏ အသက်ကို အာမခံနိုင်မည်မဟုတ်ကြောင်း YFAက သတိပေးထားသည်။

ရန်ကုန်တိုင်းစစ်ဒေသခွဲ၏ ‘နန်းထိုက်အောင်စစ်ဆင်ရေး’ကို ပုံစံမျိုးစုံဖြင့် ပုံဖော်လှုပ်ရှားလျှက်ရှိရာ ယမန်နေ့(သြဂုတ် ၁၁)ကလည်း ရွှေပြည်သူမြို့နယ် (၇)ရပ်ကွက်နှင့် (၉) ရပ်ကွက်တို့တွင် စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးအဖွဲ့နှင့် အုပ်ချုပ်ရေးရုံးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရဲဘော်အချို့ ဖမ်းဆီးခံရပြီးနောက် ဒေသတွင်း PDF တပ်စွဲရာနေရာ တစ်ခု ဝင်ရောက်စီးနင်းခံရပြီး ရဲဘော်အချို့ ထပ်မံ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုကို People's Defence Force - South Monywa နှင့် Monywa Ranger Group Truth Army တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများမှာ ပန်စုံကျေးရွာအနီးတွင် ၈ လုံး၊ ကျေးရွာအတွင်း ၂ လုံးကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူလူထု၏ နေအိမ် (၂)ထိလုံး မှန်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

CDF-KKGသည် စစ်ကိုင်း - ချင်းဒေသအစပ်ရှိတော်လှန်ရေးတပ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။