Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်း ပဒေသာမိုင်းဖြင့် ထပ်မံ တိုက်ခိုက်ခံရ

အဆိုပါတိုက်ခိုက်မှုကို People’s Defence Force – South Monywa နှင့် Monywa Ranger Group Truth Army တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

(ယခင်ရက်ပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် အကြမ်းဖက်စစ်တပ်ယာဥ် တိုက်ခိုက်ခံရစဥ်၊ ဓာတ်ပုံ - MMU)
(ယခင်ရက်ပိုင်းက မုံရွာ-မန္တလေးလမ်းမပေါ် အကြမ်းဖက်စစ်တပ်ယာဥ် တိုက်ခိုက်ခံရစဥ်၊ ဓာတ်ပုံ - MMU)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ယာဥ်တန်းအား ဒေသတွင်းအဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ပြီး သေဆုံးထိခိုက်မှုများရှိကြောင်း PDF South Monywaက ထုတ်ပြန်သည်။

ယနေ့(သြဂုတ်၁၂ရက်) နံနက် ၃နာရီခွဲမှ ၄ နာရီကြားတွင် မုံရွာ – မန္တလေးလမ်းရှိ ဂွေးပင်တောနှင့် ဘိုးမင်းကြီးကင်းကြား၌ မုံရွာမှ မန္တလေးမြို့ဘက်သို့သွားသော စစ်ကောင်စီတပ်ယာဥ်တန်းအား ပဒေသာမိုင်း (၇)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကား (၂)စီး ထိခိုက်ပျက်စီးကာ သေဆုံးသူများ နိုင်ကြောင်း PDF South Monywaက ဆက်သွယ်ပြောကြားသည်။

ထို့အပြင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့် ထိခိုက်သေဆုံးနိုင်သည်ဟု PDF South Monywaက ခန့်မှန်းသည်။

“၄ စီးမြောက်နှင့် ၅ စီးမြောက် ကားများအား အတိအကျထိပြီး ရဲဘော်၏ မျက်မြင်အရ ကားပါ မြောက်တက်သွားသည်ဟု သိရသည်”ဟု PDF South Monywaက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို People’s Defence Force – South Monywa နှင့် Monywa Ranger Group Truth Army တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။

ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါယာဥ်တန်းသည် ယနေ့နံနက်ပိုင်းကပင် မြင်းမူမြို့နယ်အတွင်း၌ နှစ်နေရာထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သားခြောက်ဦး ပွဲချင်းပြီး တုံးလုံးပက်လက်ဖြစ်နေကြောင်း ကိုယ်တိုင်ဖောက်ခွဲခဲ့သော ရဲဘော်များက အတည်ပြုပြောဆိုခဲ့သည်ဟု ဆိုသည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရဲဘော်အချို့ ဖမ်းဆီးခံရပြီးနောက် ဒေသတွင်း PDF တပ်စွဲရာနေရာ တစ်ခု ဝင်ရောက်စီးနင်းခံရပြီး ရဲဘော်အချို့ ထပ်မံ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

သတင်း

နောက်နောင်တွင်လည်း ပြည်သူလူထုအပေါ် မတရားငွေကြေးကောက်ခံသော စစ်ကောင်စီထောက်တိုင် အုပ် ချုပ်ရေးရုံးများနှင့် အလိုတော်ရိများ၏ အသက်ကို အာမခံနိုင်မည်မဟုတ်ကြောင်း YFAက သတိပေးထားသည်။

သတင်း

စစ်ကောင်စီ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများမှာ ပန်စုံကျေးရွာအနီးတွင် ၈ လုံး၊ ကျေးရွာအတွင်း ၂ လုံးကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူလူထု၏ နေအိမ် (၂)ထိလုံး မှန်ခဲ့သည်ဟု ဖော်ပြထားသည်။