Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် လမ်းဆုံမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို TPC တပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်သားသုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

သြဂုတ် ၇ ရက်ကလည်း အထက်ပါ လမ်းဆုံမြို့စစ်ဆေးရေးဂိတ်သို့ ဂိတ်စောင့် ရန်လာသော စစ်ကောင်စီတပ်မှယာဥ်တစ်စီးကို TPCတပ်ဖွဲ့မှ လမ်းဆုံမြို့ ပေါ်တွင် ကားနှစ်စီးဖြင့် ရှေ့နောက် ညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ လက်နက်ခြောက်လက် ရရှိခဲ့သည်။

(TPCတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - TPC)
(TPCတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - TPC)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လမ်းဆုံမြို့ရှိ ရွှေဒေါင်းမင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသွားကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၂၅) ပြည်သူ့ရဲဘော်တပ်ဖွဲ့ (TPC)က ယနေ့(သြဂုတ် ၁၂)ထုတ်ပြန်သည်။

ယနေ့ညနေ ၃နာရီခွဲခန့်က လမ်းဆုံမြို့ ရွှေဒေါင်းမင်းစစ်ဆေးရေးဂိတ်အား TPC တပ်ရင်း (၂၅)မှ အထူးကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကြာဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

“ဂိတ်ထဲမှာ စခ ၁၀ကောင် ၁၅ ကောင်လောက်ရှိမယ်ဗျ။ အပြန်အလှန် ပစ်ခတ် တာ မိနစ် ၂၀ နီးပါကြာတယ်”ဟု TPCတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ ရွှေဒေါင်းမင်း စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက် မှုတွင် TPCတပ်ဖွဲ့ တပ်ရင်း(၂၅)မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွဲနိုင်ခဲ့ကြောင်း ဖော်ပြသည်။

သြဂုတ် ၇ ရက်ကလည်း အထက်ပါ လမ်းဆုံမြို့စစ်ဆေးရေးဂိတ်သို့ ဂိတ်စောင့် ရန်လာသော စစ်ကောင်စီတပ်မှယာဥ်တစ်စီးကို TPCတပ်ဖွဲ့မှ လမ်းဆုံမြို့ ပေါ်တွင် ကားနှစ်စီးဖြင့် ရှေ့နောက် ညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ လက်နက်ခြောက်လက် ရရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကိုယ့်မှာရှိတာကို မသိထားလေ ကိုယ့်ဘက်က အသာစီးရဖို့အတွက် တိုက်ခိုက်ဖို့အတွက် အခွင့်အလမ်းများလေလို့ ယူဆတယ်” ဟု ယင်းမာပင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သတင်း

လက်ရှိ ကရင်နီဒေသတွင်း စစ်ရေးအခြေအနေကြောင့် လွိုင်ကော် - ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများဖြတ်သန်းသွားလာခွင့်ကို ယခုလ ၁၀ရက်ကစ၍ KNDF က တားမြစ်ထားသည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရဲဘော်အချို့ ဖမ်းဆီးခံရပြီးနောက် ဒေသတွင်း PDF တပ်စွဲရာနေရာ တစ်ခု ဝင်ရောက်စီးနင်းခံရပြီး ရဲဘော်အချို့ ထပ်မံ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုကို People's Defence Force - South Monywa နှင့် Monywa Ranger Group Truth Army တို့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ထုတ်ပြန်ထားသည်။