Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ပြည်သူ နှစ်ဦးကို သတ်ဖြတ်၊ ဒေသခံ ၅၀ကျော်ကို ဖမ်းဆီးသွား

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် (၃၀၀၀၀)ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအား ဆက်လက်စစ်ကြောင်းထိုး​ဖျက်ဆီးမှုများ ပြုလုပ်နေပြီး ပြည်သူနှစ်ဦးအား သတ်ဖြတ်ကာ ဒေသခံ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ၁၁ရက်က ညောင်လှကျေးရွာသို့ ဝင်ရောက်လာသည့် ​အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မူးရိုးကုန်းကျေးရွာနေအမျိုးသားတစ်ဦး ထပ်တိုက်တိုးကာ ယင်းအမျိုးသားအား ဆိုင်ကယ်နှင့်လူအား ကြိုးဖြင့်တွဲချည်ကာ မီးရှို့သတ်ဖြတ်သွားကြောင်း၊ ထို့အပြင် ညောင်လှကျေးရွာနေ အခြားအမျိုးသားတစ်ဦးကိုလည်း ယဥ်ကျေးရွာအနောက်တောလမ်းတွင် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj

စစ်ကောင်စီတပ်သည် ဩဂုတ် ၃ရက်မှစတင်ကာ ဘုရားထွက်၊ အင်ပင်-ယဒင်၊ နဂါးဘို မြင်းတန့်၊ လျှော်ဖြူ၊ ကိုင်းကံနှင့် လက်လှုပ်ရွာများအား စစ်ကြောင်းထိုးခဲ့ပြီး ၎င်းကျေးရွာများမှ ဒေသခံ ပြည်သူ ၅၀ကျော်အား လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားကြောင်း၊ ယနေ့အထိပြန်မလွှတ်ပေးသေးဘဲ ရေဦးမြို့သို့ ခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ပြောသည်။

အာဏာသိမ်းကာလတစ်လျှောက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ (၃၀) ကျော်မှ ပြည်သူ့နေအိမ် ၁,၅၀၀ကျော် မီးလောင်ဆုံးရှုံးခဲ့ရသည်။

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် တစ်အိမ်လျှင် (၃၀၀၀၀)ကျပ်နှုံးဖြင့် ကူညီပေးနေပြီး အကူအညီများ လိုအပ်နေကြောင်း ၎င်းအဖွဲ့က ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နှစ်ရက်တာ တိုက်ပွဲ၌ MDF နှင့် တန့်ဆည် PDF တပ်ရင်း ၆ တို့မှ ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။

သတင်း

အဆိုပါ ရင်ပေါင်တိုင်ရွာသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ်များကို ယမန်နေ့ (ဩဂုတ် ၁၂ရက်) နေ့လည်ပိုင်းက ဒေသခံ PDFများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်အထိနာပြီး ရဟတ်ယာဉ်ဖြင့် ထပ်မံစစ်အင်အားဖြည့်တင်း ခဲ့ရသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ကစ၍ စစ်ရေယာဉ်သင်္ဘောတစ်စီး သည် ကလေးဝမြို့မှစတင်စုန်ဆင်လာခဲ့ပြီးနောက် မင်းကင်းမြို့နယ် ပန်းဆက် ပျူစောထီးရွာတွင် ညအိပ်စခန်းချခဲ့သည်ဟု ဆိုသည်။

သတင်း

သင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ ပို့မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။